Connect with us

Politics, Law & Military

သြဂုတ်လ ၁၈ ရက်နေ့တွင် လွှတ်တော် ပြန်လည် စတင်မည်

ပြည်သူ့လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အဝှမ်းတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်နေသည့် အခြေအနေများကြောင့် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးများအား ခေတ္တရွှေ့ဆိုင်းထားရာမှ လာမည့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် (အင်္ဂါ) နေ့တွင် ပြန်လည် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ခဲ့သည်။

ယခုအချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ လွှတ်တော် အနေဖြင့်လည်း ဆောင်ရွက်ရမည့် ဥပဒေကြမ်း အပါအဝင် လွှတ်တော် ဆိုင်ရာလုပ်ငန်းများ အချိန်မီ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ချက် ရှိသည့်အတွက် ပြည်ထောင်စု လွှတ်တော် နှင့် ပြည်သူ့လွှတ်တော်ကို သြဂုတ်လ ၁၈ ရက်နေ့တွင် ပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။

၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးများကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ရပ်နားခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် ဆက်လက် ကျင်းပရန် ကြေငြာထားခဲ့သော်လည်း နိုင်ငံတစ်ဝန်း ဒေသ အတော်များများ၌ သဘာဝဘေး အန္တရာယ်ကျရောက်မှု အခြေအနေများအရ အဆိုပါ အစည်းအဝေးကျင်းပမည့် ရက်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117