Connect with us

Social

၂၀၁၉ ခုနှစ် ရန်ကုန် ဒေသ “တရုတ်စာပေ ပေါင်းကူး တံတား” အထက်တန်း ကျောင်းသား အဆင့် ပြိုင်ပွဲ စတင် ကျင်းပ

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် ပဏာမ ရွေးချယ်ပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် ပဏာမ ရွေးချယ်ပွဲ အား ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူ များ က “ တရုတ် စာပေ လက်တွဲ ကာ အနာဂတ် အိပ်မက် တည်ဆောက်စို့ ” ဟူသည့် ခေါင်းစဉ် ဖြင့် ပြိုင်ပွဲ အား ယှဉ်ပြိုင်ခဲ့ကြသည်။

“တရုတ်စာပေ ပေါင်းကူး တံတား” အထက်တန်း ကျောင်းသား အဆင့် ပဏာမ ရွေးချယ်ပွဲ တွင် ရန်ကုန် တိုင်း ဒေသ ကြီး အတွင်း ရှိ အထက်တန်း ကျောင်း အသီးသီး မှ ကျောင်းသား/သူ စုစုပေါင်း ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူ တို့ က တရုတ် ဘာသာစကားဖြင့် ဟောပြော နိုင်မှု စွမ်းရည် နှင့် ရုပ်ရှင် ဗီဒီယို အသံ သရုပ်ဆောင်မှု စွမ်းရည် တို့ဖြင့် ပြိုင်ပွဲ အား ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် ပဏာမ ရွေးချယ်ပွဲ တွင် ရွေးချယ်ခံရသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် ပဏာမ ရွေးချယ်ပွဲ တွင် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပြိုင်ပွဲ တွင် ကျောင်းသား/သူ ၁၄ ဦး အနက် ၈ ဦး အား နောက်ဆုံးအဆင့် ပြိုင်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်ရန် ရွေးချယ် ပေးခဲ့ပြီး နောက်ဆုံး အဆင့် ပြိုင်ပွဲ အား သြဂုတ်လ ၃ ရက် တွင် တရုတ် ယဉ်ကျေးမှု စင်တာ ၌ ထပ်မံ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“တရုတ်စာပေ ပေါင်းကူး တံတား” ပြိုင်ပွဲ က တရုတ် နိုင်ငံ ကွန်ဖြူးရှပ် ကောလိပ် ဌာနချုပ် မှ ဦးစီး ကျင်းပ ပြုလုပ်ပေးသည့် နိုင်ငံတကာ တရုတ် စာပေ စွမ်းရည် ပြိုင်ပွဲ တစ်ရပ် ဖြစ်ပြီး ၂၀၀၂ ခုနှစ် တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံ အသီးသီး မှ ပြိုင်ပွဲဝင် ကျောင်းသား/သူ များ က နောက်ဆုံး အဆင့် ပြိုင်ပွဲ တွင် အနိုင်ရရှိခဲ့ပါက တရုတ် နိုင်ငံ သို့ သွားရောက်၍ ပြိုင်ပွဲ အား ဆက်လက် ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117