Connect with us

Africa & Middle East

ဒမတ်စကက်စ်မြို့သို့ ဦးတည်ပစ်လွှတ်လိုက်သော အစ္စရေးနိုင်ငံမှဟု ယူဆရသည့် ဒုံးကျည်းများကို ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်က တားဆီးနိုင်ခဲ့

ဒမတ်စကက်စ်မြို့ သို့  ဦးတည်ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်က ကောင်းကင်ယံ၌ တားဆီးနေစဉ် (ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ လေကြောင်းရန် ကာကွယ်ရေးစနစ်က ဒမတ်စကက်စ်မြို့တော် အနောက်ဘက်ခြမ်းသို့ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ဦးတည်ပစ်လွှတ်လိုက်သည့် အစ္စရေးနိုင်ငံမှ ဟု ယူဆရသည့် ဒုံးကျည်များကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံလိုင်းက သတင်းဖော်ပြခဲ့သည်။

သန်းခေါင်ယံမတိုင်မီ နာရီဝက်အလိုတွင် ဒမတ်စကက်စ်မြို့တော်၌ ပြင်းထန်သော ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ၊ အထူးသဖြင့် မြို့တော်၏ အနောက်ဘက်အခြမ်းတွင် ဖြစ်ကြောင်း သတင်းက ဆိုသည်။ပေါက်ကွဲသံများနှင့်အတူ ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်၏ တုံ့ပြန်သံများကိုလည်း ကြားခဲ့ရကြောင်း နိုင်ငံပိုင်ရုပ်သံက ဆိုပြီး ယင်းဖြစ်စဉ်မှာ ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ယခင်က အစ္စရေးတိုက်ခိုက်ခဲ့သည့် ပုံစံမျိုးနှင့်အလားသဏ္ဍာန်တူညီကြောင်း ဆက်လက်ပြောကြားခဲ့သည်။မြို့တော် ဒမတ်စကက်စ်ကောင်းကင်ယံပေါ်တွင် ပစ်လွှတ်လာသော ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေးစနစ်က တားဆီးပစ်ချသည့်မြင်ကွင်းများကိုလည်း တွေ့ရကြောင်း မျက်မြင်သက်သေများက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။(Xinhua)