Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့၌ တရုတ်ဆေးဘက်ဆိုင်ရာ အကူအညီရေးအဖွဲ့က အခမဲ့ဆေးကုသ မှုပြုလုပ် ပေး

မော်ရိုကိုနိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအကူအညီရေးအဖွဲ့ ဆေးကုသပေးနေစဉ် (ဆင်ဟွာ)

ရာဘတ် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ  မြို့တော်ကာဆာဘလန်ကာရှိ ချစ်ချင်းမေတ္တာဆေးခန်းတစ်ခု၌ တရုတ်ဆေးဘက်ဆိုင်ရာအကူ အညီ ရေးအဖွဲ့က အောက်တိုဘာ ၆ ရက် တွင် အခမဲ့ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး ယင်းမှာ၂၀၁၅ နှစ်မှ စတင် ကာ ဖွင့်လှစ်ခဲ့သော ၅ ခုမြောက် အခမဲ့ဆေးပေးခန်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမဲ့ဆေးခန်းတွင် အရိုးအကြော၊ ကလေးအထူးကု၊ အစာအိမ် နှင့် အူလမ်းကြောင်း ၊ မီးယပ်သားဖွား၊ အထွေထွေခွဲစိတ် ၊  မျက်စိနားနှာခေါင်းလည်ချောင်း စသည့် သက်ဆိုင်ရာ အထူးကုဆရာဝန် ကြီးများပါဝင် ကြောင်းသိရသည်။ ၎င်းအဖွဲ့ သည် Mohua ရှိ ပင်လယ်ရပ်ခြားတရုတ်နိုင်ငံသား ၁၀၀ ကျော်ကို လည်း ဆေးကု သမှုပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ဆေးဘက်အကူအညီပေးရေးအဖွဲ့ သည် “အစားအစာ နှင့် ရော ဂါဘယ” ဟူ သည့်ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။အခမဲ့ဆေးပေးခန်းကို သေခံ တရုတ်လူမျိုးများ နှင့် နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးများက ကြိုဆိုခဲ့ကြသည်။ လူများစွာက ဘာသာစကားအခက်အခဲအတားအဆီးမရှိဘဲ ဆေးကုသနိုင်ကြောင်း နှင့် တရုတ်ဆရာဝန်များနှင့် မျာက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဆေးကုသခွင့်ရသဖြင့် ပို၍ အဆင်ပြောလွယ်ကူစေကြောင်း ဆိုကြသည်။

မော်ရိုကိုနိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအကူအညီရေးအဖွဲ့ ဆေးကုသပေးနေစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအကူအညီရေးအဖွဲ့ ဆေးကုသပေးနေစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအကူအညီရေးအဖွဲ့ ဆေးကုသပေးနေစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအကူအညီရေးအဖွဲ့ ဆေးကုသပေးနေစဉ် (ဆင်ဟွာ)

ထိုသို့အခမဲ့ဆေးကုသပေးခြင်းကို တစ်နှစ်တစ်ခါ ပုံမှန်ပြုလုပ်သွားရန်မျှော်လင့်ကြောင်း၊ ထို့သို့ အခမဲ့ဆေးပေး ခန်းများပြုလုပ်ခြင်းကြောင့် မော်ရိုကို နိုင်ငံသားများ အနေဖြင့် သန့်ရှင်းကျန်းမာပြီး လိုအပ်သော ဆေးဝါးပစ္စည်း များကိုလည်း အလွယ်တကူရရှိမည်ဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာကူညီရေးအဖွဲ့ဥက္ကဋ္ဌ Yan Ling က ဆိုသည်။အခမဲ့ဆေးပေးခန်းကို တရုတ်ဆေးဘက်ဆိုင်ရာအကူအညီရေးအဖွဲ့ နှင့် မော်ရိုကိုနိုင်ငံရှိ တရုတ်ကုန်သွယ်ရေး လုပ်ငန်းတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မော်ရိုကို နှင့် တရုတ် ပိုမို၍ ညီညွတ်ရေးအတွက် မြှင့်တင်ခြင်း ဖြစ် ကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117