Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းတွင် မီးလောင်မှုကို ၇၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းတွင် မီးလောင်မှုကို မီးသတ်သမားများ ငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

ဘေရွတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြို့ပြကာကွယ်ရေးအဖွဲ့က ဘေရွတ်မြို့ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၀ ရက် အစောပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ကြောင်း ဒေသတွင်း ရုပ်သံလိုင်း al-Jadeed က သတင်းဖော်ပြခဲ့သည်။ 

မီးငြှိမ်းသတ်ရာတွင် လက်ဘနွန်စစ်တပ်က ရဟတ်ယာဉ်များကလည်း မြို့ပြကာကွယ်ရေးအဖွဲ့များကို ကူညီပေးခဲ့သည်။ 

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းရှိ မီးလောင်မှုဖြစ်ပွားခဲ့သော ဂိုဒေါင်အတွင်းဘက်အား တွေ့ရစဉ် (ဆင်ဟွာ)

 လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းတွင် မီးလောင်မှုကို စစ်ရဟတ်ယာဉ်တစ်စင်းဖြင့် ငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းတွင် မီးလောင်မှုကို မီးသတ်သမားများ ငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

ဘေရွတ်ဆိပ်ကမ်းရှိ ဆီနှင့် တာယာများ ထားသိုသည့် ဂိုဒေါင်တစ်လုံး မီးလောင်ရာမှ ယခုလို မီးလောင်မှုကြီးဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဆိပ်ကမ်းအတွင်းရှိ တာယာအမျိုးအစားများကြောင့် မီးငြှိမ်းသတ်ရာတွင် အချိန်ယူရခြင်းဖြစ်ကြောင်း မြို့ပြကာကွယ်ရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Raymond Khattar က ကြေညာခဲ့သည်။ 

လက်ဘနွန်နိုင်ငံ သမ္မတ Michel Aoun က အဆင့်မြင့်ကာကွယ်ရေးကောင်စီအနေဖြင့် ဆိပ်ကမ်းမီးလောင်မှုကြောင့် ဖြစ်ပေါ်လာသော ဂယက်ရိုက်မှုကို ညနေပိုင်းတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ဘေရွတ်ဆိပ်ကမ်း၌ စက်တင်ဘာ ၁၀ ရက် အစောပိုင်းတွင် လောင်ကျွမ်းခဲ့သော မီးသည် ဒုတိယမြောက် မီးလောင်မှုကြီးဖြစ်သည်။ ယင်းဆိပ်ကမ်း၌ပင် ဩဂုတ် ၄ ရက်က ကြီးမားသော ပေါက်ကွဲမှုကြီး နှစ်ခုဖြစ်ပွားခဲ့ပြီး မြို့တော်၏ နေရာများစွာ ပျက်စီးကာ လူပေါင်း ၁၉၀ ခန့်သေဆုံး၍ လူ ၆,၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117