Connect with us

Africa & Middle East

အစ္စရေး အစိုးရ တပ်ဖွဲ့ က ဆီးရီးယား အစိုးရ တပ်ဖွဲ့ ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်

ပုံစာ- အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ မှ စစ်ဘက်ဆိုင်ရာ လေယာဉ် တစ်စင်း ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ် ခဲ့ကြောင်း ဇွန် လ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ ယခင်က အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းအပေါ် လက်တုံ့ပြန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အစ္စရေး တပ်ဖွဲ့မှ ထိန်းချုပ်ထားသည့် Golan ကုန်းမြင့် ကို ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း မှ အမြောက်များဖြင့် ပစ်ခတ်မှု ကို ခံခဲ့ရကြောင်း ၊ ထို့နောက်တွင် အစ္စရေး နိုင်ငံ လေတပ် မှ ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ တင့်ကား စသော စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က ပြောကြား ခဲ့သည်။သတင်းဖော်ပြချက်များအရ အစ္စရေး နိုင်ငံ လုံခြုံရေး ဌာန သည် အရပ်ဘက် ပြည်သူ တို့အား Golan ကုန်းမြင့် အနီးတစ်ဝိုက်ဒေသ များမှ ထွက်ခွာရန် နှင့် ခရီးသွားများကိုလည်း ဝင်ရောက်ခြင်း မပြုရန် ကြေညာခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အစ္စရေး နိုင်ငံ သည် Quneitra ပြည်နယ် ရှိ အဆောက်အဦ များကို ဇွန်လ ၂၄ ရက်နေ့ တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိုနေ့တွင် Al-Nusra Front အစွန်းရောက် အဖွဲ့အစည်း ကလည်း ထိုဒေသ ကို တိုက်ခိုက်ခဲ့သောကြောင့် အစ္စရေး နိုင်ငံ ၏ ဆောင်ရွက်မှု သည် အစွန်းရောက် အဖွဲ့အစည်း ကို ထောက်ခံကူညီရာ ရောက်ကြောင်း ဖော်ပြခဲ့သည်။ဆီးရီးယား ပြည်တွင်း စစ် စတင်ချိန် မှစ၍ ဆီးရီးယား နိုင်ငံ အတွင်း မှ လက်နက်ကြီးများသည် မကြာခဏ အစ္စရေး နိုင်ငံ က ထိန်းချုပ်ထားသည့် Golan ကုန်းမြင့် တစ်ဘက်ခြမ်းသို့ ကျရောက် ခဲ့သည်။Golan ကုန်းမြင့် သည် ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိသော ရှည်လျားကျဉ်းမြောင်း သည့် ဒေသ တစ်ခု ဖြစ်ပြီး ၁၉၆၇ ခုနှစ် က ဖြစ်ပွား ခဲ့သည့် တတိယ အကြိမ်မြောက် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွင်း အစ္စရေး နိုင်ငံ ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117