Connect with us

Africa & Middle East

ကာတာနိုင်ငံက နိုင်ငံပေါင်း ၈၀မှ နိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပေး

ကာတာနိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့ ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ် ဟက်ဆန်အယ်အိုင်ဘရာဟင် အားတွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံသည် နိုင်ငံပေါင်း ၈၀ မှ နိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး ယင်းခွင့်ပြုမိန့်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ကာတာတာဝန်ရှိသူများက သြဂုတ် ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ၌ ပြောကြားခဲ့သည်။

ကာတာနိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့ ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ် ဟက်ဆန်အယ် အိုင်ဘရာဟင် က ပြည်ဝင်ခွင့်ကင်းလွတ်ခွင့်ပေးခြင်းဖြင့် ကာတာနိုင်ငံသည် ဒေသအတွင်း အပွင့်လင်းဆုံးနိုင်ငံ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၀မှ နိုင်ငံသားများသည် အနည်းဆုံး ခြောက်လသက်တမ်းကျန်ရှိသေးသည့် တရားဝင် နိုင်ငံကူးလက်မှတ် တင်ပြနိုင်သည့်အပေါ် မူတည်၍ ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး အပြန် (သို့) တစ်ဆင့်သွားရောက်မည့် ခရီးသွားလက်မှတ်များအတွက်လည်း အတည်ပြုချက်ရရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအပေါ်မူတည်၍ ကင်းလွတ်ခွင့်သည် တရားဝင် ရက်ပေါင်း ၁၈၀ ရရှိမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ ကာတာနိုင်ငံအတွင်း လည်ပတ်ခွင့်ရရှိမည် (သို့) ကင်းလွတ်ခွင့်သည် တရားဝင် ရက်ပေါင်း ၃၀ ရရှိမည်ဖြစ်ပြီး ရက်ပေါင်း ၃၀အထိ လည်ပတ်ခွင့်ရရှိမည်ဖြစ်ကာ နောက်ထပ် ရက်ပေါင်း ၃၀ နေထိုင်ခွင့်ထပ်တိုးနိုင်ကြောင်း ကာတာသတင်းဋ္ဌာန (QNA) ကဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ နှင့်အတူ အီဂျစ်နိုင်ငံ၊ ဘာရိန်းနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့က ကာတာနိုင်ငံ သည် အကြမ်းဖက်မှု နှင့် အစွန်းရောက်မှုများကို ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့ပြီး ဇွန် ၅ ရက်တွင် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ခဲ့သည့်အပြင် ပို့ဆောင်ရေးလမ်းကြောင်းအားလုံးကိုလည်း ဖြတ်တောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.