Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်းတွင် ရေကြီးမှု ဖြစ်ပွားခဲ့သောကြောင့် ၅ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် ရေကြီးမှု ဖြစ်ပွား ခဲ့သည့် Badakhshan ပြည်နယ် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ကဘူးလ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ က နိုင်ငံမြောက်ပိုင်း Badakhshan ပြည်နယ် တွင် ဖြစ်ပွားခဲ့သော ရေကြီးမှု ကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရရှိစေခဲ့ကြောင်း ဇူလိုင် ၁၁ ရက်နေ့၌ အတည်ပြု ထုတ်ပြန် ခဲ့သည်။

Badakhshan ပြည်နယ် ဒုတိယပြည်နယ်မှူး က သတင်းမီဒီယာ များနှင့် တွေ့ဆုံ ခဲ့ရာတွင် လတ်တလော ရက်ပိုင်း အတွင်း ပြည်နယ်တွင်း၌ မိုးအဆက်မပြတ်ရွာသွန်း ခဲ့သောကြောင့် ရေကြီးမှု ဖြစ်ပွား ခဲ့ပြီး ဆုံးရှုံးမှု ကြီးမား ခဲ့ကြောင်း ၊ အတည်ပြုခဲ့သော သေဆုံးဒဏ်ရာရရှိသူများအပြင် လက်ရှိချိန်တွင် ၈ ဦးမှာ ပျောက်ဆုံး နေစဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရေကြီးမှုကြောင့် ဒေသတွင်း ရှိ အိမ်အမြောက်အမြား ပျက်ဆီး ခဲ့ရပြီး လယ်ကွင်း နှင့် လမ်းများလည်း ပျက်စီးခဲ့ရကြောင်း ၊ အိမ်ထောင်စုပေါင်း ရာနှင့်ချီ၍ နေအိမ်ကိုစွန့်ခွာ ခဲ့ရပြီး အစိုးရ အနေနှင့် ရဟတ်ယာဉ် ဖြင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ၊ အခင်းဖြစ်ပွားရာ နေရာသို့လည်း စားနပ်ရိက္ခာ ၊ ဆေးဝါး နှင့် အဝတ်အထည် စသည် တို့ကို ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.