Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ တောင်ပိုင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်လာခဲ့

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် ၊ ရုရှား နှင့် ဂျော်ဒန် နိုင်ငံ တို့မှ သဘောတူညီမှု ရရှိခဲ့သည့် ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် သည် ဇူလိုင် ၉ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ မှ စတင်၍ အသက်ဝင်လာခဲ့ပြီး ယင်းနေ့ညပိုင်းအချိန်ထိ မည်သည့် တိုက်ပွဲ မှ ဖြစ်ပွား ခြင်း မရှိကြောင်း သိရှိရသည်။

ဆီးရီးယား စစ်ဘက်ဆိုင်ရာ နှင့် နီးစပ်သည့် သတင်းပေးသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ဆက်သွယ် ပြောကြားရာတွင် ဆီရီးယား အစိုးရ တပ်ဖွဲ့ နှင့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ တို့သည် ၎င်းနေ့တွင် အပစ်အခတ် ရပ်ဆိုင်းခဲ့ကြပြီး သဘောတူညီမှု စာချုပ်တွင် ပါဝင် ခဲ့သည့် ပြည်နယ်များတွင် လည်း ငြိမ်းချမ်းခဲ့ကြကြောင်း ပြောကြားခဲ့သည်။ဆီးရီးယား အရေး ကျွမ်းကျင်သူ တစ်ဦး က အပစ်အခတ် ရပ်စဲ ခဲ့သည့် ဒေသ များသည် IS အစွန်းရောက် အဖွဲ့အစည်း ထိန်းချုပ်ထားသော ဒေသများ ဖြစ်၍ အပစ်အခတ် ရပ်စဲမှု သည် မသေချာမှု များစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ၊ ရုရှား နှင့် ဂျော်ဒန် နိုင်ငံ တို့သည် ဇူလိုင်လ ၇ ရက်နေ့ တွင် ဂျော်ဒန် နိုင်ငံ ၌ ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် ကို ချုပ်ဆိုခဲ့ကြသည်။ ဂျော်ဒန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ က နိုင်ငံ ၃ နိုင်ငံ အနေဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်း တိုက်ပွဲကြာမြင့်မှု လျှော့ချရေး ၊ ရန်ပြုသည့်ဆောင်ရွက်မှု အဆုံးသတ်ရေး ၊ ဒေသတည်ငြိမ်အေးချမ်းရေး နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ချောမွေ့စွာ ဆောင်ရွက် နိုင်ရေး တို့အတွက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)