Connect with us

Africa & Middle East

အာဖဂန် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ရန် တရုတ် ကတိပြု

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင်နှင့် အာဖဂန် နစ္စတန်နိုင်ငံ အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာတို့ အာဖဂန် နစ္စတန် နိုင်ငံ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန်တွင် အလည်ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင်သည် အာဖဂန် သမ္မတ၏ အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာနှင့် နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး အာဖဂန် နိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ အနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

တွေ့ဆုံစဉ်တွင် လီက တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ သတင်းစကားအား အာဖဂန် သမ္မတ၏ အမှုဆောင် အရာရှိချုပ်ထံသို့ ပေးအပ်ခဲ့သည်။

တရုတ်နှင့် အာဖဂန် နစ္စတန်နိုင်ငံ တို့သည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပြည်သူ အချင်းချင်း ဖလှယ်မှုများ စသည့် ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သင့်ကြောင်း လီက ပြောသည်။အာဖဂန် ကျောင်းသားများအား တရုတ်နိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေး ပညာရပ်များ သင်ကြား နိုင်ရန် ပညာသင်ဆုများ တရုတ်နိုင်ငံက ပိုမို ထောက်ပံ့ပေးဖို့ ရှိကြောင်း လီက ပြောကြားခဲ့ပြီး ပြည်သူ အချင်းချင်း ဖလှယ်ရေးများ၌လည်း လွယ်ကူစေရန် နှစ်ဘက်လုံးက ဆွေးနွေးခဲ့သည်။

နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး အပြုသဘော ဆောင်သည့် ကဏ္ဍမှ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အကြမ်းဖက်နှင့် အစွန်းရောက် ဆန့်ကျင် တိုက်ခိုက်မှုများအား နှစ်နိုင်ငံလုံးမှ အတူ လက်တွဲ လုပ်ဆောင်သွားမည့် အကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

အဗ္ဗဒူလာကလည်း အာဖဂန်-တရုတ် ဆက်ဆံရေးသည် အပြန်အလှန် လေးစားမှုနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးအပေါ် အခြေခံထားသလို အာဖဂန် အနေဖြင့်လည်း တရုတ်နိုင်ငံ၏ တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု များအား အသိအမှတ်ပြုကြောင်း ပြန်လည် ပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်ဟာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား တိုးမြှင့်သွားရန်ရှိပြီး အာဖဂန်နစ္စတန်၏ တည်ငြိမ်ရေး၊ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ကြွယ်ဝမှုတွေအတွက် တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အထောက်အပံ့တွေ ကြိုဆို ပါတယ်” ဟု အာဖဂန် အမှုဆောင် အကြီးအကဲက ပြောသည်။
တရုတ်နိုင်ငံ ဒုတိယ သမ္မတသည် ကဘူးလ်သို့ တစ်ရက်တာ တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

ကဘူးလ်တွင် ရှိနေစဉ်အတွင်း အာဖဂန် သမ္မတ မိုဟာမက် အက်ရှရတ်ဖ် ဂါနီနှင့် ယခင် သမ္မတဟောင်း ဟာမစ် ကာဇိုင်းတို့နှင့် တွေ့ဆုံခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117