Connect with us

Asia

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာ လူ ၂၆ ဦးသေဆုံး ၊ ၁၆ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ၌ ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သော ဘတ်စ်ကားမတော်တဆမှုအားတွေ့ ရစဉ်( ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း Chilas ခရိုင်၌ ယနေ့(စက်တင်ဘာ- ၂၂ ရက်)နံနက်ပိုင်းတွင် ခရီးသည်တင်ဗန်ကား(van)တစ်စီးသည် တောင်ကမူတစ်ခုအား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၆ ဦးသေဆုံးပြီး အခြား လူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါယာဉ်မတော်တဆမှုသည် ဗန်ကား၏ ဘရိတ်စနစ်ချွတ်ယွင်းမှုကြောင့် ကားမှာ အရှိန်မထိန်းနိုင်ဘဲ တောင်စောင်းနံရံအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)