Connect with us

Europe

ပြင်သစ်နိုင်ငံ သမ္မတဟောင်း ရှီရက်ခ် အသက် ၈၆ နှစ်တွင် ကွယ်လွန်

ပြင်သစ်နိုင်ငံ သမ္မတဟောင်း ဂျက်ရှီရက်ခ်အား ၂၀၀၆ ခုနှစ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတဟောင်း အသက် ၈၆ နှစ်အရွယ် ဂျက်ရှီရက်ခ် (Jacques Chirac) သည် စက်တင်ဘာလ ၂၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

၁၉၉၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဥရောပ၏ ဒုတိယအင်အားအကြီးဆုံးနိုင်ငံ ပြင်သစ်အား ဦးဆောင်ခဲ့သူ ရှီရက်ခ်သည် “ဒီနေ့မနက် (စက်တင်ဘာ ၂၆ ရက်) မှာ သူ့မိသားစုများ ဝန်းရံကာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့ပါပြီ” ဟု ရှီရက်ခ်၏ သားသမက်ဖြစ်သူ ဖရက်ဒရစ် ဆာလတ်-ဘရုစ် (Frederic Salat-Baroux) က ပြင်သစ်မီဒီယာသို့ ပြောခဲ့သည်။ရှီရက်ခ်သည် သမ္မတတာဝန်မှ အနားယူပြီးနောက် လေဖြတ်ခြင်းနှင့် အဆုတ်ရောဂါများဖြင့် အကြိမ်ပေါင်းများစွာ ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117