ဘရက်ဆဲလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမြဲဖြစ်သော ဘီယာပွဲတော်ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ယူနက်စကို(UNESCO) ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် နိုဝင်ဘာလ ၃ဝရက်က စာရင်းသွင်းခဲ့ကြောင်း သိရသည်။
သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ အလယ်ပိုင်းရှိ ဘဲ မွေးမြူရေးခြံ တစ်ခု၌ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရပြီးနောက် ဘဲကောင်ရေ ၁၉၀,၀၀၀ အား သုတ်သင်ရှင်းလင်းခဲ့ရကြောင်း နယ်သာလန်နိုင်ငံ စီးပွားရေး ဝန်ကြီးဋ္ဌာနက နိုဝင်ဘာလ ၂၆ ရက်က ကြေညာလိုက်သည်။
မော်စကို၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက အစ္စရေးနိုင်ငံတွင် လောင်ကျွမ်းနေသည့် တောမီးအား ငြှိမ်းသတ်ရာ၌ အကူအညီပေးရန် မီးသတ်လေယာဉ် နှစ်စီးစေလွှတ်ပေးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၂၅ရက်တွင်ပြောကြားခဲ့သည်။
ဆိုဖီယာ၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နယ်စပ်နှင့် ထိစပ်လျက်ရှိသော ဘူလ်ဂေးရီးယားနိုင်ငံ ရှိ ဟာမန်လီမြို့ ၏ မှတ်ပုံတင်နှင့် ဧည့်ခံရေးစင်တာ တွင် နိုဝင်ဘာ ၂၄ရက်က နိုင်ငံပိုင် ပစ္စည်းများအားအကြောင်းမဲ့ ဖျက်ဆီးမှုဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၀ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နီကိုရှား ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ အရှိန်ပြင်းစွာဖြင့် နိုဝင်ဘာလ ၂၁ ရက်က စတင် လောင်ကျွမ်းခဲ့သော တောမီးမုန်တိုင်းကို ကူညီငြှိမ်းသတ်ပေးရန် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟု ၏ တောင်းဆိုချက်ကို ဆိုက်ပရက်စ်နိုင်ငံက လက်ခံခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပါရီ ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံဆိုင်ရာလျှိုဝှက်အကြောင်းအရာများကို ရေးသားထုတ်ဝေထားသည့် စာအုပ်တစ်အုပ်နှင့်ပတ်သက်ပြီး “ သမ္မတတစ်ဦးအနေဖြင့် ထိုသို့မပြောသင့်ကြောင်း” ဟူသော ခေါင်းစဉ်ဖြင့် သမ္မတ ဟော်လန်ဒီ အပေါ် စွပ်စွဲပြစ်တင်ရန် တောင်းဆိုချက်ကို ပြင်သစ်လွှတ်တော်က နိုဝင်ဘာလ ၂၃ ရက်တွင် ပယ်ချ လိုက်ကြောင်း သိရသည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံရှိ Mont Pelerin ဟိုတယ်၌ နိုဝင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် ဆိုက်ပရက်စ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှု နောက်ဆုံးဆွေးနွေးပွဲသည် မျှော်လင့်ထားသောသဘောတူညီမှုတစ်စုံတစ်ရာမရဘဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်သည့် သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။
ဘာစီလိုနာ ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)
ဖရန့်ဖွတ် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဥရောပ ဗဟိုဘဏ် အလုပ်အမှုဆောင် ကော်မတီ ၊ ဥရောပဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြီးကြပ်စီမံရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Lautenschlaeger က ၂၀၀၈ ခုနှစ်မှ စတင်၍ ဥရောပတိုက်ရှိ ဘဏ်လုပ်ငန်းများသည် ဆုံးရှုံးနိုင်ခြေ တားဆီးကာကွယ်နိုင်မှု စွမ်းရည်ပိုင်းတွင်...
ပါရီ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံသမ္မတ ဖရန်ကွိုက်စ်ဟိုလန်က ပြင်သစ်သမ္မတရွေးကောက်ပွဲကျင်းပမည့် ၂ဝ၁၇ ခုနှစ် ဧပြီ-မေလ အထိ နိုင်ငံ၏ အရေးပေါ်အခြေအနေကို သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း နိုဝင်ဘာလ ၁၅ရက်က မော်ရိုကိုနိုင်ငံ Marrakech မြို့တွင် ကျင်းပနေသည့် COP22 ဆွေးနွေးပွဲတက်ရောက်စဉ် ပြုလုပ်သည့်...