ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာ၏ အရှေ့မြောက် ဖက် ၂ မိုင်ခန့် အကွာရှိ ဘိန်းစိုက် ဧက ၁၇ ဧကခန့်အား ယနေ့အောက်တိုဘာ ၂၂ ရက်တွင် ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အတိတ်ကို ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကို မျှော်သည့် နေရာမျိုးက ဆက်ပြီး ဆောင်ရွက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ MICC II တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့်...
မိုဆူးလ် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်သည် အိုင်အက်စ်အကြမ်းဖက်သမားများထိန်းချုပ်ထားသည့် မိုဆူးလ်မြို့အနီးရှိ Hamdaniyah မြို့ကို ယနေ့အောက်တိုဘာလ ၂၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
ရာအွန်ဒီ ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ရာအွန်ဒီ ( Yaounde) မြို့မှ နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် Douala မြို့သို့ဦးတည် မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စင်းသည် အောက်တိုဘာလ ၂၁ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်တွင် တိမ်းမှောက်သွားရာ ရထားပေါ်လိုက်ပါလာသူ ၅၃...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ် အတည်ပြုရန်အတွက် ပြည်ထောင် စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ (UPDJC )အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထောက်အကူပြု (Support to the Reform of the Myanmar Police Force) ၅ နှစ်စီမံကိန်း(၂၀၁၆-၂၀၂၁)အား ဥရောပ သမဂ္ဂ(EU)မှ ယူရို သန်း ၃၀ လျာထားကြောင်း မြန်မာနိုင်ငံ...
တောင်ကြီး ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) က ရှမ်းပြည်နယ် “One Village One TV” စီမံကိန်း အတွက် ကျေးရွာပေါင်း ၁၂၀ တွင် အမေရိကန် ဒေါ်လာ ၁၁ဝ,၃ဝဝ...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများပေါ်မှ ညနေ နေဝင်ချိန် ဆည်းဆာကြည့်ရှုသော နေရာများ ကန့်သတ်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဗလာဒီဘော့စတော့ခ် ၊ရုရှား ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Yamal ကျွန်းဆွယ်၌ MI-8 ရဟတ်ယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးသောကြောင့် မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးသေဆုံးပြီး အခြား ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ခြောက်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။