ဆစ်ဒနီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) သြစတြေးလျ၏ ဆစ်ဒနီမြို့တွင် Sculpture by the Sea ပြပွဲကို ဆစ်ဒနီ၏ ဘွန်ဒီကမ်းခြေ မှ တာမာရာမာ ကမ်းရိုးတန်းတစ်လျှောက်တွင် ပြသခဲ့ပြီး တစ်ကမ္ဘာလုံးရှိ အနုပညာရှင်များ၏ ပန်းပုလုပ်ရာ ရုပ်တုပေါင်း ၁ဝဝ ကျော်ကို လာရောက်ကြည့်ရှု လည်ပတ်သူပေါင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပို့ဆောင်ပြီး အလုပ်မရရှိသည့် မြန်မာလုပ်သားများ အတွက် နစ်နာကြေးရရှိရန် MWRN နှင့် MOEAF (မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်) တို့မှ ပူးပေါင်းဖြေရှင်းပေးခဲ့ကြောင်း MOEAF မှ သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ကလေးငယ်များအား အိပ်နေစဉ် ရုတ်တရက် သေဆုံးမှု (Sudden Infant Death Syndrome= SIDS) မှ ကာကွယ်ရန် မွေးကင်းစမှ ခြောက်လအထိ မိဘများနှင့် တစ်ခန်းထဲ အိပ်ယာခွဲပြီး သိပ်သင့်ကြောင်း အမေရိကန် ကလေးပြုစုရေး သင်တန်းကျောင်း (AAP)...
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာသီလဝါ SEZ Holdings Public လီမိတက်၏ အစုရှယ်ယာ မှတ်ပုံတင်စာရင်းနှင့် ရန်ကုန်စတော့အိတ် ချိန်း၌ကုမ္ပဏီ၏ အစုရှယ်ယာရောင်းဝယ်မှုများအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်သည်။
ကွာလာလမ်ပူ ၊ အောက်တိုဘာ ၂၅ ရက် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးဘာရူးမြို့ရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆေးရုံပေါ်တွင်တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာ ၆ ဦးသေဆုံးသွားကြောင်း The Star သတင်းစာဖော်ပြချက်အရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ဓာတ်တိုင်များ၌ ဆက်သွယ်ရေးကြိုးများ သွယ်တန်းခွင့်မပြုဘဲ သီးခြားစီသာ တပ်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက တိုင်ဖွန်းမုန်တိုင်း ဟိုင်မာ ဝင်ရောက်ခဲ့မှုကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ဗီယက်နမ်အစိုးရ က ၂၀၁၇နှစ်တွင် ကျင်းပမည့် ၃၈ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးပွဲ (ASOD) နှင့် ၂၀၁၈ခုနှစ်တွင် ကျင်းပမည့် ၆ ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးပွဲ (AMMD) အား ဗီယက်နမ်နိုင်ငံ အများပြည်သူလုံခြုံရေး...
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၈နာရီ၃၀တွင် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ စတင်ထွက်ခွာသွား ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ပြည်တွင်း/ပြည်ပများတွင် အလုပ်လုပ်ကိုင်ရန်အတွက် စက်တင်ဘာလအတွင်း လုပ်သား သုံးသောင်းကျော် ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမားရှာဖွေ ရေးရုံးထံမှ သိရသည်။