ခတ္တမန္ဒူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အလယ်ပိုင်း၊ မြို့တော် ခတ္တမန္ဒူမြို့ တောင်ဘက် ကီလိုမီတာ ၈၀အကွာ Hetauda မြို့ ရှိ အစိုးရရုံးအဆောက်အအုံတစ်ခုတွင် အောက်တိုဘာ ၂၆ရက် နေ့လည်ပိုင်း က ဟင်းချက်ရာတွင် အသုံးပြုသည့် ဓါတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ Perth တိရစ္ဆာန်ရုံရှိ ဆူမာတြား အော်ရန်ဂူတန် (Sumatran Orangutan) မျိုးနွယ်ဝင် မလေးရှား ဘာသာစကားဖြင့် “မစ္စစ်” အဓိပ္ပါယ်ရသော “Puan” အမည်ရှိ မျောက်ဝံ တစ်ကောင်သည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး မျောက်ဝံအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဖနွမ်းပင်မြို့အရှေ့ဘက် ဆင်ခြေဖုံးဒေသတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အထည်ချုပ်စက်ရုံ အလုပ်သမားပို့ဆောင်ရေး ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့၍ အလုပ်သမား ၇၂ဦးထက်အနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအတွင်း ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်း ၁၁၃၈၆.၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆၁.၈၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တူးဖော်တွေ့ရှိသော တန်ချိန် ၂၁ဝ ရှိ မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံးကြီးတစ်တုံးကို ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချမည်ဖြစ်ကြောင်း အဆိုပါပြပွဲကျင်းပရေးထံမှ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi) နှင့် ဗြိတိန်နိုင်ငံတော်ဝင်မင်းသားအင်ဒရူး တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာလ ၂၆ ရက်က တရုတ်-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးအပြန်အလှန်ပူးပေါင်းဖလှယ်ရေး နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီးပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပ ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၅ ဦးသည် မြန်မာနိုင်ငံ၌ ပြန်လည်နေထိုင်နိုင်ရန် ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြဝတီမြို့သို့ ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ဟောင်ကောင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မိမိအိမ်မွေးခွေးများအတွက် DOG PC ကိုအထူးတီထွင်ထုတ်လုပ်လိုက်ပြီဖြစ်သည်။ မိမိအချစ်တော်ခွေးလိမ်မာ လေးများ Fruit Ninja ကဲ့သို့သော ဂိမ်းများ ဆော့ကစားနိုင်ရန်အတွက်တီထွင်ထားခြင်းဖြစ်သည်။ ထိုသို့ ခွေးများအတွက် အထူးသီးသန့် ကွန်ပျူတာထုတ်လုပ်ခြင်းအားဖြင့် ၎င်းတို့ လှုပ်ရှားမှှုများကို ပိုမိုကျွမ်းကျင်စေနိုင်သည့်အပြင် ပိုင်ရှင်နှင့်လည်း ပိုမိုကောင်းမွန်သော ရင်းနှီးမှုများတည်ဆောက်နိုင်မည်...
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံးဝင်ရောက်မည်ဖြစ်ကြောင်း အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။