ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီးရှိ ငှက်သိုက်ကျွန်းအုပ်စုများပေါ်မှ ဇီဝဇိုးငှက်သိုက်များစုသိမ်းထုတ်ယူခွင့်နှင့် ပတ်သက်ပြီး ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၇ ရက်က ခရီးသည်များ တင်ဆောင်လာသော ကားတစ်စီးသည် ရပ်ထားသော အခြားကားတစ်စီးအား အရှိန်ဖြင့် ဝင်တိုက်မိရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရှိခဲ့ကြောင်း...
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ရှေ့နေများက သမ္မတဟောင်း ပက်ဂွမ်ဟေး (Park Geun-hye) အား ထောင်ဒဏ် နှစ် ၃၀ ချမှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၈နာရီ၃၀ခန့်က ကျပ် ၁,၅၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား စစ်မှုထမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ကုန်သည်စက်မှုအသင်းချုပ် ၏ အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနှင့် Myanmar Business Executives အဖွဲ့အစည်းတို့ သည် SME လုပ်ငန်းများတိုးတက်ရေး စတင်နိုင်ရန် မကြာမီကာလအတွင်းမှာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရေးထိုးကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ ၈၄၄၂၉၂ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
မက္ကဆီကို၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံတောင်ပိုင်း San Jacinto Amilpas မြို့တွင် ထူးခြားဆန်းပြားစွာသစ်ပင်နှင့်လက်ထပ်ကြသူ အယောက် ၂ဝ ၏လက်ထပ်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကကျင်းပခဲ့ကြသည်။ သတို့သား များနှင့် သတို့သမီးများမှာ ကတိသစ္စာများကို ရွတ်ဆိုပြီးနောက် ၎င်းတို့လက်ထပ်ထားသည့် သစ်ပင်များကို အနမ်းပေးကာ မင်္ဂလာပွဲ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟိုကေဒေကုန်း ကျေးရွာအနီး၌ ဖေဖော်ဝါရီ ၂၆ရက်နေ့က ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတေ့ွရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။