Connect with us

Media

တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ် အမှတ်တံဆိပ်က နယ်သာလန်နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဆန်းသစ်တီထွင်မှုကို ဆောင်ကြဉ်းပေးလျက်ရှိ

သည်ဟိဂ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း လျှပ်စစ်မော်တော်ယာဉ်ကုမ္ပဏီ (NIO) က နယ်သာလန်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံ ငါးနိုင်ငံ၌ ဘက်ထရီလဲလှယ်ရေးရုံ ၅၄ ရုံနှင့် အားသွင်းရုံ ၂၁ ရုံတို့ကို စက်တင်ဘာအစောပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
NIO ကုမ္ပဏီအနေဖြင့် နည်းပညာပိုင်း ဆန်းသစ်တီထွင်မှုနှင့် လက်တွေ့အသုံးချမှုတို့ကို အားပေးရန် ဥရောပရှိ သုတေသနနှင့် တီထွင်ထုတ်လုပ်ရေး စင်တာများကိုလည်း ထိထိရောက်ရောက် အသုံးချလျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်ဆိုင်ရာ သုတေသနနဲ့ တီထွင်ထုတ်လုပ်ရေး စင်တာတွေကို အကျိုးရှိရှိ အသုံးချခြင်းဟာ ဥရောပက သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်သိရှိနိုင်ပြီး သူတို့ရဲ့တုံ့ပြန်မှုတွေကိုလည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်တီထွင်မှုနဲ့ မျိုးဆက်သစ်ထုတ်ကုန်တွေကို တိုးချဲ့ထုတ်လုပ်ရာမှာ ပိုပြီးထိထိရောက်ရောက်ဖြစ်အောင် ပေါင်းစပ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ NIO ရဲ့ အရေးအကြီးဆုံး စီးပွားရေးစီမံချက်တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူအသိုက်အဝန်းကို စဉ်ဆက်မပြတ် တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်” ဟု NIO ဥရောပကုမ္ပဏီခွဲ၏ ဒုတိယဥက္ကဋ္ဌ ကျန်းဟွေးက ပြောကြားခဲ့သည်။

“ဥရောပမှာ အထူးသဖြင့် နယ်သာလန်နိုင်ငံမှာ တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်တွေက တော်တော်လေး အဝင်များလာမယ်လို့ ကျွန်မထင်ပါတယ်။ သိပ်ကိုလျင်မြန်ပေါ့ပါးပြီး လှပတဲ့ ကားတွေအများကြီးကို တွေ့ရလို့ ကျွန်မ သိပ်ကိုသဘောကျမိပါတယ်။ ကျွန်မကတော့ ဘက်ထရီလဲလှယ်ရေးရုံကို တစ်ပတ်ကိုတစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် သုံးဖြစ်ပါတယ်။ အဲဒါက အသုံးပြုရတာ အလွန့်အလွန်အဆင်ပြေပြီး လဲလှယ်တာက သုံးမိနစ်အတွင်း ပြီးပါတယ်။ အဲဒါကြောင့် ကျွန်မအတွက် အချိန်ကုန်သက်သာစေပါတယ်” ဟု နယ်သာလန်နိုင်ငံမှ NIO ကားပိုင်ရှင်တစ်ဦးဖြစ်သည့် လီဆာ ဗန်ဂိုအင်ဂါက ပြောကြားခဲ့သည်။ (Reposted from Xinhua)
……………………………
(English Version)
Chinese electric vehicle brand takes green innovation to Netherlands
STORYLINE:
By early September, leading Chinese electric automaker NIO had established 54 battery swap stations and 21 charging stations in five European countries, including the Netherlands.
NIO is also leveraging its R&D centers in Europe to drive technological innovation and application.
SOUNDBITE 1 (Chinese): ZHANG HUI, Vice President of NIO Europe
“By utilizing our product research and development center, we can better understand the needs of European users and incorporate their feedback more effectively into our product development and the expansion of the next generation of products. We also need to continuously build our user community, which is one of NIO’s most important business models.”
SOUNDBITE 2 (English): LISA VAN GOINGA, NIO car owner in the Netherlands
“I think in Europe, especially in the Netherlands, the Chinese electric cars are very much upcoming and we see a lot of very fast, beautiful cars and we are all very much impressed. I use the swap station once or twice a week. It’s very, very convenient. (The work is done) in 3 minutes. It helps me save time.”
Xinhua News Agency correspondents reporting from The Hague, the Netherlands.
(XHTV)
English Caption
A staff member (L) introduces a NIO vehicle to a visitor at a NIO House in Berlin, capital of Germany, May 16, 2024. (Xinhua/Ren Pengfei)