Africa & Middle East
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးရရှိရန်မှာ လက်ရှိ ဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စရပ်ဖြစ်သည်ဟု တရုတ်ကိုယ်စားလှယ် အလေးအနက်ပြောကြား

ကုလသမဂ္ဂ၊ မေ ၂၄ ရက် (ဆင်ဟွာ)
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးရရှိရေး၊ လူ့အသက်များကယ်ဆယ်ရေးသည် လက်ရှိ ဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စရပ်များဖြစ်နေဆဲပင်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က မေ ၂၃ ရက်တွင် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” လက်တွေ့ဖော်ဆောင်ရေး အဆင့်မြင့် အစည်းအဝေး ကြိုတင်ပြင်ဆင်မှုဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် အလေးအနက်ထားပြောကြားခဲ့သည်။
ပဋိပက္ခ အဆုံးသတ်ခြင်းသည် ရေရှည်အစီအစဉ်အားလုံးနှင့် ရေရှည် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများအတွက် ကနဦးလိုအပ်ချက်ဖြစ်ကြောင်း၊ အကယ်၍ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဆောလျင်စွာ မရရှိနိုင်ပါက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဆိုင်ရာ ဆွေးနွေးမှုများသည် အပြောသက်သက်သာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အစ္စရေးသည် ဂါဇာဒေသ၌ မြေပြင်ထိုးစစ်များအား အရှိန်မြှင့်တိုက်ခိုက်လျက်ရှိရာ သိမ်းပိုက်သော နယ်နိမိတ်များ ပို၍ များလာလေ အခြေအနေမှာ တစ်နေ့တခြား ပိုမိုဆိုးရွာလာလေဖြစ်မည်ဖြစ်ကြောင်း၊ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း အခြေချနေထိုင်သည့် နေရာများမှာ အဆက်မပြတ် တိုးချဲ့လာသလို အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုက ပို၍ ဆိုးရွားလာကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
လတ်တလောရက်များတွင် ဖိတ်ကြားချက်အရ Jenin မြို့သို့ သွားရောက်ခဲ့သော ပြည်ပ သံတမန်အရာရှိ ကိုယ်စားလှယ်အဖွဲ့အား အစ္စရေးစစ်တပ်က သေနတ်ပစ်၍ သတိပေးသော ဆိုးရွားသည့် ဖြစ်ရပ်များပင် ဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုဖြင့် ဂါဇာ အပစ်ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးအား ဖြေလျှော့ရေးကို မဖြစ်မနေ တွန်းအားပေးကာ ဂါဇာပြည်သူများအား အသက်ရှင်သန်သွားရန် မျှော်လင့်ချက်ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ငြိမ်းချမ်းလုံခြုံရေးအား ထိန်းသိမ်းကာကွယ်ပေးသည့် အဓိကအဖွဲ့အစည်းဖြစ်သော လုံခြုံရေးကောင်စီအနေဖြင့် ဂါဇာဒေသတွင် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်သော လုပ်ဆောင်မှုများအားလုံးကို လုပ်ဆောင်ရန် တာဝန်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် အစည်းအဝေးများ ကျင်းပခြင်းဖြင့် ပါလက်စတိုင်းအပေါ်နိုင်ငံတကာအသိုင်းအဝိုင်း၏ ပိုမိုကျယ်ပြန့်သော ထောက်ခံမှုများကို စုစည်းရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို လက်တွေ့ဖော်ဆောင်ရန်အတွက် နောက်ပြန်လှည့်၍မရသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ထောက်ခံကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
၁၉၆၇ ခုနှစ်က သတ်မှတ်သော နယ်မြေပိုင်းခြားမှုကို အခြေခံ၍ အရှေ့ဂျေရုဆလမ်ကို မြို့တော်အဖြစ် ထားရှိသော၊ ပြည့်ဝသည့် အချုပ်အခြာအာဏာရှိသော၊ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ဆောလျင်စွာ တည်ထောင်ရေးကို ထောက်ခံကြောင်း၊ ပါလက်စတိုင်းနိုင်ငံ ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင်နိုင်ငံ ဆောလျင်စွာ ဖြစ်မြောက်ရေးကို ထောက်ခံကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဇွန်လတွင် ကျင်းပမည့် အဆင့်မြင့် အစည်းအဝေးတွင် အပြုသဘောဆောင်သော ရလဒ်များရရှိရန် တက်ကြွစွာတွန်းအားပေးသွားမည်ဖြစ်ပြီး “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေးအတွက် လက်တွေ့ကျပြီး အားကောင်းသော လုပ်ဆောင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
中方强调实现加沙停火是当务之急
新华社联合国5月23日电 中国常驻联合国副代表耿爽23日在落实“两国方案”高级别会议筹备会上发言,强调实现加沙停火、拯救生命仍是当务之急。
耿爽说,结束冲突是讨论一切长期安排和持久和平的前提。如果迟迟无法实现加沙停火,讨论“两国方案”就会沦为空谈。当前以色列正在升级对加沙的地面进攻,占领更多领土,局势日益危急。约旦河西岸定居点也在不断扩张,定居者暴力愈演愈烈。近日甚至发生以色列军方对应邀访问杰宁的外国外交官代表团鸣枪示警的恶劣事件。国际社会必须以最大的紧迫感推动加沙停火、缓解人道灾难,给加沙民众带去活下去的希望。安理会作为维护国际和平安全的首要机构,有责任为实现加沙持久停火采取一切必要行动。
耿爽说,中方支持通过举办高级别会议,凝聚国际社会对巴勒斯坦的更广泛支持,采取不可逆的行动落实“两国方案”。中方重申支持建立以1967年边界为基础、以东耶路撒冷为首都、享有完全主权的独立的巴勒斯坦国,支持巴勒斯坦国早日成为联合国正式会员国。中方将积极推动6月高级别会议取得积极成果,为落实“两国方案”采取务实有力行动。(完)