Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယွိလုန်နှင်းတောင် “နေရောင်ခြည်အောက်က ရွှေတောင်တန်း” ရာသီသို့ ရောက်ရှိလာ

လိကျန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လိကျန်းမြို့တွင်းရှိ ယွိလုန်နှင်းတောင်သည် ယခုရက်ပိုင်းများတွင် “နေရောင်ခြည်အောက်က ရွှေတောင်တန်း” ကြည့်ရှုခံစားသော ရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်စဉ် အောက်တိုဘာ လလယ်မှ နောက်နှစ် မတ်လအထိသည် ယင်းအလှမြင်ကွင်းကို ရှုစားရန် အကောင်းဆုံးအချိန်အခါဖြစ်သည်။
နံနက်ခင်း နေရောင်ခြည်သည် နှင်းတောင်၏ ရှန့်ကျစ်သိုတောင်ထွတ်ပေါ်မှသည် ယွိလုန်တောင်ထိပ်ဆယ့်သုံးခုကို တစ်ပြိုင်နက်တည်းလိုပင် ဖြာကျသွားစဉ် ဖြူဖွေးနေသည့် နှင်းတောင်နံရံများတွင် ရွှေရောင်လင်းလက်သွားသည့် မြင်ကွင်းမှာ ခန့်ညားလှပလှပေသည်။
ယင်းဖြစ်စဉ်တစ်ခုလုံးသည် မိနစ် ၂၀ ခန့်ကြာရာ ခရီးသွားဧည့်သည်များက ယွိလုန်နှင်းတောင်ရှုခင်းသာ စသည့် ရှုမျှော်စင်နေရာအများအပြားသို့ သွားရောက်၍ ရပ်တန့်ငေးမောရှုစားရအောင် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)
——————
(Chinese Version)
中国西南的玉龙雪山进入“日照金山”季
【简介】地处中国西南云南省丽江市境内的玉龙雪山近日进入“日照金山”观赏季。每年10月中旬至次年3月,是观赏这一景观的最佳时段。清晨,阳光洒向雪山扇子陡峰顶,随即铺展至玉龙十三峰,银白雪壁顷刻染上金光,景象壮丽。整个过程持续近20分钟,吸引众多游客前往玉龙雪山景区等多处观景位驻足观赏。
记者:孙敏