Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဟာရီကိန်းရာသီ၌ ဆိုင်ကလုန်းမုန်တိုင်း ၃၃ လုံးဝင်ရောက်မည်ဟု ခန့်မှန်း

မက္ကဆီကိုကွေ့ရှိ ကမ်းခြေတစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မေ ၁၆ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်း ၃၃ လုံးဝင်ရောက်မည်ဟု National Water Commission (Conagua) က မေလ ၁၅ ရက်တွင် သတင်းတင်ပြခဲ့သည်။

ခန့်မှန်းထားသည့် ဆိုင်ကလုန်းမုန်တိုင်း ၃၃ လုံးအနက် ဟာရီကိန်းမုန်တိုင်း ၁၉ လုံးနှင့် အပူပိုင်းမုန်တိုင်း ၁၃ လုံးဖြစ်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း ၂၀၁၉ ခုနှစ် မိုးရွာခြင်းနှင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ ကာကွယ်ရေးဆိုင်ရာ အမျိုးသားအဆင့် အစည်းအဝေး၌ National Water Commission (Conagua) က ကြေညာခဲ့သည်။

အဆိုပါ ခန့်မှန်းချက်များ၌ ပစိတ်ဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော အန္တရာယ်ရှိဆိုင်ကလုန်းမုန်တိုင်း ၁၉ လုံးနှင့် အတ္တလန်တိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သော မုန်တိုင်း ၁၄ လုံးတို့ ပါဝင်ကြောင်း Conagua အထွေထွေညွှန်ကြားရေးမှူး ဘလန်ကာ ဂျင်မီနက်ဇ် (Blanca Jimenez) က ရှင်းပြခဲ့သည်။

အတ္တလန်တိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ၁၄ လုံး၌ အပူပိုင်းမုန်တိုင်း ၆ လုံးနှင့် ဟာရီကိန်းမုန်တိုင်း ၈ လုံးဖြစ်လာမည်ဟု Conagua က ခန့်မှန်းထားကြောင်း အရာရှိက ဖြည့်စွက်ပြောခဲ့သည်။

“အဲဒီဆိုင်ကလုန်းမုန်တိုင်း လေးလုံးကနေ ခြောက်လုံးက ကျွန်တော်တို့နိုင်ငံကို ဝင်ဖို့အလားအလာ အလွန်များပါတယ်” ဟု စစ်တပ်နှင့် မက္ကဆီကိုလုံခြုံရေးအေဂျင်စီ တာဝန်ရှိသူများနှင့် မတွေ့ဆုံမီ ပြောကြားခဲ့ပြီး အဆိုပါ အေဂျင်စီက ဆိုင်ကလုန်းရာသီအတွက် အရန်သင့်အစီအစဉ်တစ်ခု ထားရှိကြောင်းလည်း ဂျင်မီနက်ဇ်က ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ ၂၀၁၈ ခုနှစ် ဆိုင်ကလုန်းရာသီအတွင်း အဆင့် ၃ သို့မဟုတ် ပို၍ မြင့်သော ဟာရီကိန်း ၁၁ လုံး အပါအဝင် အန္တရာယ်ရှိသော မုန်တိုင်း ၃၇ လုံး ဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းဝင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117