Connect with us

Science & Technology

ထျန်းကျင်းတွင် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက်ကို အွန်လိုင်းမှ ပြုလုပ်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် အတွင်း အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုကို ၂၀၁၈ ခုနှစ် မေ ၁၆ ရက်က ပြုလုပ်စဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဉာဏ်ရည်တု (AI) ဆိုင်ရာ အဓိကပွဲတစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် (World Intelligence Congress = WIC) ကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဇွန် ၂၃ ရက်မှ ၂၄ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇွန် ၁၁ ရက်၌ ပြောကြားခဲ့သည်။

“ခေတ်သစ်အသိဉာဏ် : တီထွင်ဆန်းသစ်မှု၊ အားထုတ်မှုနှင့် ဂေဟဗေဒ” ဟူသော ဆောင်ပုဒ်ဖြင့် နှစ်ရက်ကြာပြုလုပ်မည့် အဆိုပါ ပွဲကို ဖိုရမ်များ၊ ပြပွဲများနှင့် ပြိုင်ပွဲများ အပါအဝင် အွန်လိုင်းအစီအစဉ်များစွာဖြင့် ကျင်းပသွားမည် ဖြစ်သည်။

ကူးစက်ရောဂါအလွန်ကာလကို ဦးတည်၍ AI တိုးတက်မှုဆိုင်ရာ ထင်မြင်ချက်များနှင့် အခြား ဉာဏ်ရည်မြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အားစိုက်ထုတ်မှုများကို ဆွေးနွေးသွားမည်ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြေရှင်းချက်များကို  ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ပြပွဲအတွင်း ကမ္ဘာ့ အသိဉာဏ်ဆိုင်ရာ မောင်းနှင်မှုစိန်ခေါ်ပြိုင်ပွဲနှင့် တရုတ်နိုင်ငံ (ထျန်းကျင်း) စက်မှုလုပ်ငန်း App တီထွင်ဆန်းသစ်ခြင်းနှင့် အသုံးပြုခြင်းပြိုင်ပွဲကဲ့သို့ အွန်လိုင်းပြိုင်ပွဲခြောက်ခုကိုလည်း ပြုလုပ်မည် ဖြစ်သည်။

လွန်ခဲ့သည့်သုံးနှစ်အတွင်း ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက်သို့ ပြည်တွင်းနှင့် ပြည်ပမှ ဧည့်သည် ၃၀၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အသိဉာဏ်ဆိုင်ရာနည်းပညာများတွင် ကမ္ဘာ့ စွန့်ဦးတီထွင်မှုအရှိဆုံးလမ်းကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။  (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117