Connect with us

Politics, Law & Military

ရက်၁၀၀ အတွင်း အချက်အချာ တံတား ၁၃၁ စင်း ပြု ပြင်မှု ပြီးစီး

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်က အစိုးရသစ်၏ ပထမရက်(၁၀၀) ကာလ အတွင်း ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့မှု လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အဓိကကျသည့် လမ်းများပေါ်ရှိ ပေ ၁၈၀ အထက် ရှည်လျားသော တံတား ၁၃၁ စင်းတို့ကို ရက် ၁၀၀ အတွင်းပြု ပြင် ထိန်းသိမ်း ပြီးစီးခဲ့သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ဧပြီလအတွင်းမှာ တံတား ခုနစ်စင်း၊ မေလထဲမှာ ၈၅ စင်းနဲ့ ဇွန်လကနေ ဒီနေ့အထိ ၃၉ စင်း၊ စုစုပေါင်း ပေ ၁၈၀ အထက် တံတား ၁၃၁ စင်း တို့ကို ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ရက် ၁၀၀ အတွင်း ရာနှုန်းပြည့် ပြီးစီးခဲ့ပါတယ်” ဟုယနေ့ညနေ ပိုင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက မီဒီယာများကို ပြောခဲ့သည်။

ထိုသို့ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း ကြောင့် ပြည်သူများ တံတားဖြတ်သန်းသည့်အခါ ဘေးအန္တရာယ် ကင်းရှင်းမှု၊ စိတ်ချမ်းသာမှု၊ သက်သောင့် သက်သာရှိမှု၊ မျက်စိ အမြင်ပသာဒ ရှိမှု စသည့် အကျိုးကျေးဇူးများ ရရှိစေသည်ဟုလည်း ၎င်းကပြောခဲ့သည်။

ရခိုင်ပြည်နယ် ပေါက် တော – မင်းပြား လမ်းပေါ်ရှိ စွန်ရဲတံတား၊ ပြည် – ဆင်တဲ လမ်းပေါ်ရှိ နဝဒေး တံတား၊ ကချင်ပြည်နယ်ရှိ မိုးကောင်း တံတား၊ ရန်ကုန် – စစ်တွေ လမ်းပေါ်ရှိ အုန်းတည်ချောင်းတံတား၊ ဖျာပုံ – ဘိုကလေးလမ်းပေါ်ရှိ ကျုံကူးတံတား၊ ရဲနွယ်ချောင်း တံတား၊ မော်လမြိုင်ရှိ သံလွင်တံတား အပါအဝင် အဓိက အချက်အချာ ကျသော တံတားများအား ပြုပြင် ထိန်းသိမ်းခြင်း၊ လျှပ်စစ်မီးတိုင်များ တပ်ဆင်ခြင်း စသည့် လုပ်ငန်းများကို အစိုးရသစ် လက်ထက် ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

ထို့အပြင်တိုင်း ဒေသကြီးနှင့် ပြည် နယ်များရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းများပေါ်မှ တံတား ငယ်များအား တံတား အဝင်အထွက် ချဉ်းကပ်လမ်းနေရာများတွင် ယာဉ် အသွားအလာ ချောမွေ့စေ ရန် အနိမ့်အမြင့် ဖြေညှိ ပေးသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ရာကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ရာနှုန်းပြည့် ပြီးစီး ခဲ့ကြောင်း၊ ၇၀ ရာခိုင်နှုန်းမှ ၉၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျန် ဒေသများတွင် အသီးသီး ဆောင်ရွက် ပြီးစီးခဲ့ သဖြင့် ပျမ်းမျှ ၉၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်းလည်း ညွှန်ကြား ရေးမှုးချုပ်က ဖြည့်စွက်ပြောပြ သည်။

“တံတားအဝင်အထွက်တွေမှာ ခုလို ဖြေညှိပေးတဲ့အတွက် တံတားပေါ်ကို သက်ရောက်လာမယ့် impact load ကိုလျှော့ချနိုင်ပြီး တံတားရဲ့ ကြံ့ခိုင်မှုကို ပိုမို ထိန်းသိမ်းနိုင်တဲ့ အကျိုးကို ရရှိနိုင်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ရက် ၁၀၀ အတွင်း၌ နိုင်ငံ တစ်ဝန်းရှိ လမ်းတံတား အသုံးပြုခ ကောက်ခံသည့်ဂိတ်ပေါင်း ၃၀၂ ဂိတ်ရှိသည့်အနက် တိုင်းဒေသကြီး ခုနစ်ခု ၊ ပြည်နယ်လေးခုတို့ရှိ လမ်းဂိတ် ၈၉ ခုနှင့် တံတားဂိတ် ၇၂ ခု၊ ပေါင်း ၁၆၁ ဂိတ်ကို အသုံးပြုခကင်းလွတ်ခွင့် ဆောင်ရွက်ပေးခဲ့ခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဗိသုကာပုံစံများ ထုတ်လုပ်ခြင်းကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင် ရွက်ခဲ့ရာ ပြီးစီးအောင်မြင်ခဲ့ခြင်း၊ ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်း အိမ်ယာအတွက် စံပြနမူနာပုံစံကို နေပြည်တော် တွင် စတင် တည်ဆောက်လျက်ရှိရာ ၄၅ ရာခိုင်နှုန်း ပြီးစီးခြင်း၊ မြန်မာနိုင်ငံအဆောက် အအုံဆိုင်ရာ စည်းမျဉ်းများ (MNBD :_ Myanmar National Building Code)ကိုအတည်ပြု ထုတ်ပြန်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117