Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးဆိုင်ရာပြပွဲ ကျင်းပ

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးဆိုင်ရာ ပြပွဲ(Yangon Pet Expo and Myanmar Grand Dog Show 2024)အား မတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းပြပွဲအား ဒုတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ အိမ်မွေးတိရစ္ဆာန်မွေးမြူသူများအသင်းတို့က ပံ့ပိုးကူညီပေးခဲ့ကြောင်း ၊ ပြပွဲတွင် အိမ်မွေးတိရစ္ဆာန် နှင့်ပတ်သက်သည့် အစားအစာများ ၊ အသုံးအဆောင်ပစ္စည်းများ အပါအဝင် ကာကွယ်ဆေး၊ အားဆေးများအား ပြခန်းပေါင်း ၄၀ ကျော်ဖြင့် ပြသရောင်းချပေးကြောင်း သိရသည်။ (Xinhua)