Connect with us

Media

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၆) နှစ်မြောက် နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၆) နှစ်မြောက် နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အခမ်အနားသို့ သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး နှင့် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ၊ နိုင်ငံအသီးသီးမှ သံတမန်အရာရှိများ၊ နိုင်ငံတကာအသင်းအဖွဲ့ကိုယ်စားလှယ်များ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၊ တရုတ်နွယ်ဖွား ကိုယ်စားလှယ်များ၊ လူဦးရေ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်အနားတွင် သံအမတ်ကြီး Ms. Ma Jia က အမှာစကားပြောကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သည့် (၇၆) နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကပံ့ပိုးပေးသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်ပြီး သာယာဝပြောမှုကိုမြှင့်တင်ပေးသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ခေတ်ကာလ၏ မေးခွန်းများကို ဖြေကြားပေးနေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းပေးသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အခါသမယကို အကြောင်းပြု၍ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ပြီး တရုတ်-မြန်မာ ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် အမှာစကာပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စွဲမြဲစွာကျင့်သုံးကြောင်း၊ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ဂျပန်ကျူးကျော် ခုခံတော်လှန်ရေးစစ်ပွဲဆိုင်ရာဓာတ်ပုံပြပွဲနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဗီဒီယိုများကို အတူတကွ ကြည့်ရှုခဲ့ကြသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117