ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ရသေ့တောင်မြို့နယ် အငူမော် ပတ်ဝန်းကျင်တစ်ဝိုက် မြန်မာ့ပင်လယ်ပြင်တွင် နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်စဉ် စက်လှေ တစ်စင်းပေါ်မှ WY စာတန်းပါ စိတ်ကြွဆေးပြား ၉ သိန်း ကျော်ခန့် သိမ်းဆည်းရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် သတင်း ထုတ်ပြန်ရေး ကော်မတီမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံ၏ ပို့ကုန်အများစုမှာ သယံဇာတအပေါ် အခြေခံနေသည့် အတွက် စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်းအသစ်များ တင်ပို့နိုင်ရန် ယခုနှစ်အပါအဝင် ဘဏ္ဍာနှစ်ငါးနှစ် အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ပြည်တွင်း လေကြောင်း ခရီးစဉ်များ အသုံးပြုရန် နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသည် အဆောက်အဦ သစ်(T3)အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ဒီဇင်ဘာ ၅ ရက်တွင် ဖွင့်လှစ်လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) သည်ရက်ပိုင်းတွင် ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၃၅၀ကျပ် အထက်တွင် ရှိနေကြောင်း ၊ လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးတက်သည့် အနေအထားသည် ဈေးကစားသည့် အနေအထား ဖြစ်ကြောင်း အဆိုပါကိစ္စအား အစိုးရ အနေဖြင့် အဖြေရှာရန်လိုအပ်ကြောင်း KBZ ဘဏ်မှ အကြီးတန်းအကြံပေး...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ မူဘောင်နှင့်အညီ လာမည့်နှစ်သစ်တွင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအချိုးညီ ဖွံ့ဖြိုးတိုးတက်စေရန် ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃)ဟူ၍ ဇုန်အလိုက်ခွဲခြားပြီး ကွဲပြားသည့် အခွန် သက်သာခွင့်များအား ဇုန်အလိုက်သက်မှတ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပုဂ္ဂလိက...
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် နှင့် ထိုင်းဗဟိုဘဏ် (Bank of Thailand -BoT) မှဥက္ကဋ္ဌ ဒေါက်တာ ဗီယာထိုင်း ဆန်တီပယာဟော့ဖ်(Dr.VeerathaiSantiprabhob)တို့သည် မြန်မာ နှင့် ထိုင်းနိုင်ငံအကြား အရည်အချင်းပြည့်ဝသော အာဆီယံဘဏ်များ (Qualified ASEAN Banks -QABs)...
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နွေစပါး စိုက်ပျိုးဧက၂ ဒသမ ၈ သန်း စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)၂၀၁၇ခုနှစ်၌ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သော ခုနှစ်များကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ယနေ့ သတ်မှတ် ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂၀ ရက် မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်းများ ယူရို ၃၂၇ ဒသမ ၆၉ သန်းဖိုး ရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်ပြပွဲ...
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ယိုယွင်း ပျက်စီးမှုကို တုံ့ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီးသည်ဟု မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ယနေ့နံနက်ပိုင်း တွင် ပြောခဲ့သည်။