Connect with us

MYANMAR

COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဗူးများနှစ်ဆ တိုးမြှင့်ထုတ်လုပ်

ဆေးဝါးစက်ရုံ(အင်းစိန်)BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်များ ထုတ်လုပ်နေမှုအားတွေ့ရစဉ်(MOI)

 

ရန်ကုန်၊မတ် ၃၀ ရက် (ဆင်ဟွာ) 

COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဗူးများယခင်ထုတ်လုပ်မှုထက် နှစ်ဆ တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကမှထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စက်ရုံမှအရက်ပြန်ကို လိုသလောက်ရောင်းချပေးလျက်ရှိပြီး လက်သန့်ဆေးရည်များကို တစ်ဦးတစ်ယောက်တည်းကအများအပြားဝယ်ယူမှုကြောင့် တစ်ဦး တစ်ဗူးနှုန်းဖြင့်သာ ရောင်းချပေးနေကြောင်း၊ ဈေးနှုန်းများကိုလည်းစက်ရုံဈေးအတိုင်းသာ ရောင်းချပေးနေကြောင်း သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) ဘီပီအိုင်မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့်အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို50 mL ၊ 500 mL ၊ 4 Liters ဗူးများဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဗူးများကို100 mL ၊ 500 mL ဗူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 

လက်ရှိ ဈေးကွက်အတွင်းCOVID-19 ရောဂါကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် လက်သန့်ဆေးရည်နှင့်အရက်ပြန်များသည် ဈေးနှုန်းမြင့်တက်ကာ ပစ္စည်းများပြတ်လပ်လျက်ရှိနေကြောင်း ဆေးအရောင်းဆိုင်များထံမှသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.