ဘရာဇီးလီယာ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၅,၇၁၇ ဦးမှ ၆,၈၃၆ ဦးထိမြင့်တက်သွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း ၂၀၁ ဦးမှ ၂၄၀ ဦးထိမြင့်တက်သွားခဲ့ရာ သေဆုံးမှုနှုန်းမှာ ၃.၅ ရာခိုင်နှုန်းထိ ရောက်ရှိသွားကြောင်း ဧပြီ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဧပြီ ၁ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ကူးစက်ခံရသော လူနာဦးရေ ၂ သိန်းကျော်ရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းဖော်ပြချက် အရသိရသည်။
မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
ရောမ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အီတလီတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် သတိလက်လွတ်မနေကြရန် အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနအကြီးအကဲ Silvio Brusaferroက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo)က နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အား မတ် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ မတ် ၃၁ ရက် အစောပိုင်းထိ COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ၄ ထောင်ကျော်ထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
တူနီးရှား ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က နိုင်ငံ အတွင်း COVID-19 ရောဂါ တိုက်ဖျက်နေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ခြင်းအပေါ် တရုတ် နိုင်ငံသည်...
နယူးဒေလီ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာများအတွက် facility quarantine နေရာများတိုးချဲ့ရန် ရထားတွဲပေါင်း ၂၀,၀၀၀ ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံရထားပို့ဆောင်ရေးဌာနက မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။