အန်တန်နန်ရီဗိုလ်၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် မေ ၂ ရက်က မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တန်နန်ရီဗိုလ် မြောက်ပိုင်း Ivatoအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၃ ရက်(ဆင်ဟွာ) COVID-19 သည် လူသားတို့ ဖန်တီးထားသောရောဂါဖြစ်ပြီး ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟူသော အချို့အမေရိကန်နိုင်ငံရေးသမားများ နှင့် မီဒီယာများ၏ မကြာသေးမီက ပြောဆိုချက်များအတွက် မည်သည့် “ သိပ္ပံ အထောက်အထားမျှ မရှိ” ကြောင်း သိပ္ပံပညာရှင်းများက ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာလင်၊ မေ ၃ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးလက်တွဲပူးပေါင်းကာ COVID-19 ကာကွယ်ဆေး သုတေသနပြု ထုတ်လုပ်ကြရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဧပြီ ၂ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။
ဆစ်ဒနီ၊ မေ ၂ ရက် (ဆင်ဟွာ) ခီရီဘာတီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် တရုတ်နိုင်ငံ၏ အကူအညီတစ်စိတ်တစ်ပိုင်းအဖြစ် ပထမအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို ခီရီဘာတီနိုင်ငံက မေ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
တူနီးရှား ၊ မေ ၁ ရက် (ဆင်ဟွာ) တူနီးရှား နိုင်ငံ ဝန်ကြီးချုပ် Elyes Fakhfakh က ဧပြီ ၃၀ ရက် ၌ တူနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဝမ်ဝင်ပင်း နှင့် တွေ့ဆုံရာ တွင်...
မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင် (Mikhail Mishustin) သည် COVID-19 ရောဂါကူးစက်ခံနေရကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ပါရီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) Bill & Melinda Gates Foundation ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ်အား ပြင်သစ်နိုင်ငံ Le Figaro သတင်းစာက သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးဆောင်ပါးကို ဧပြီ ၂၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ဧပြီ ၂၉ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆ သောင်းကျော်...
လော့စ်အိန်ဂျလိစ် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ရှိ အကျဉ်းထောင် တစ်ခု တွင် အကျဉ်းသား ၄၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းသည် အမေရိကန် နိုင်ငံ အကျဉ်းထောင်များအနက်...
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အနောက်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်သော COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ၎င်း၏ ကိုယ်ပိုင်အရည်အချင်းမရှိမှုကို အာရုံလွှဲရန် တရုတ်နိုင်ငံအပေါ် အပြစ်တင်စကားဆိုပြီး ခုတုံးလုပ်နေကြောင်း ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင် တစ်ဦးက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။