Connect with us

Education & Health

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန် ၂ရက် ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့ တွင် ရန်ကုန်မြို့၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်နေကြသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသည် ယနေ့ ဇွန် ၂ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၂ ရက်တွင်ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန် ၂ရက် ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့ တွင် ရန်ကုန်မြို့၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်နေကြသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန် ၂ရက် ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့ တွင် ရန်ကုန်မြို့၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်နေကြသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန် ၂ရက် စတင်ဖွင့်လှစ်သည့်နေ့တွင် ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းရှိ စာသင်ခန်းအတွင်း၌ စာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းအခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားသော်လည်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်ခြင်းကို ဆက်လက်၍ လက်ခံပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက “ကလေးတွေကျောင်းတက်ဖို့ ထိုင်ခုံအနေအနေအထားတွေ နောက် ကလေးတွေက အသက်လွန်တွေဖြစ်နေတဲ့အတွက် အနေအထားတွေ အပြောင်းအလဲတွေ လုပ်ပေးရတယ်။ COVID-19 ရောဂါကာကွယ်ဖို့ အတွက်ဆိုရင် လက်ဆေးဖို့ ဘေစင်တွေ၊ ဆပ်ပြာဆီတွေ လုံလောက်အောင်ချပေးပါတယ်။ နှာခေါင်းစည်းတွေတပ်ပေးတယ်။ နှာခေါင်းစည်း မပါလာတဲ့ ကလေးတွေအတွက် နှာခေါင်းစည်းကို ကျောင်းကနေ ဖြန့်ဝေပေးပါတယ်။ ကလေးတွေအတွက် သောက်သုံးရေ တွေလည်း ပြင်ဆင်ထားရှိပါတယ်။’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၂ ရက်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ကျောင်းများ မဖွင့်ခင်ကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသော လုပ်ငန်းများရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုနှင့် ဌာနဆိုင်ရာ အသီးသီးပါဝင်ပြီး ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျောင်းတွေမှာလည်း COVID-19 စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ စာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ နိုင်ငံတော်က ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ မူလတန်းအဆင့်မှာ ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် ရရှိအောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အခြေခံပညာကျောင်းတွေ ရပ်ရွာ၊ ကျေးရွာအထိ ဖွင့်လှစ်ပေးထားပြီဖြစ်ပါတယ်။’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၂ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း လေးကျောင်းအပါအဝင် အခြေခံပညာ ကျောင်း ၂၇၅၈ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း ၂၃၀၊ ကိုယ်ပိုင်ကျောင်း ၂၇၃ ကျောင်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မေ ၂၆ ရက်အထိ ကျောင်းအပ်နှံရေးသတင်းပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅,၆၀၉,၆၇၆ ဦး ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)