Connect with us

Politics, Law & Military

အာဇာနည်ဗိမာန်၌ ကျင်းပသည့် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက် အလေးပြု

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-Xinhua /Ye Aung thu/Pool)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍  လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။  

ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အစိုးရအဖွဲ့အကြီးအကဲတစ်ဦးအနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဌများ ၊ နိုင်ငံတော်တရားသူကြီးချုပ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့လည်း အတူတကွ တက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-Xinhua /Ye Aung thu/Pool) 

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-Xinhua /Ye Aung thu/Pool) 

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-Xinhua /Ye Aung thu/Pool) 

ထို့ပြင် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ပြီး အခြားသော အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များသည်လည်း လွမ်းသူ့ပန်းခွေချအလေးပြုအခမ်းအနားသို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

၇၃ နှစ်မြောက် အာဇာနည်နေ့သည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကာလဖြစ်သည့်အတွက် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ အတွင်းဝန်ရုံး အပါအဝင် တိုင်းပြုပြည်ပြု လွှတ်တော် ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့ကို အများပြည်သူများအား ဝင်ရောက်ကြည့်ရှုခွင့်မပြုဘဲ အွန်လိုင်းမှတစ်ဆင့်သာ ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း သိရသည်။သို့သော် အများပြည်သူများအား အာဇာနည်ဗိမာန်သို့ ဝင်ရောက်အလေးပြုခွင့်ကို COVID-19 ကြိုတင်ကာကွယ်ရေးအစီအစဉ်များသော တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း ၊ ကိုယ်အပူချိန်တိုင်းခြင်း နှင့် နှာခေါင်းစည်းများတပ်ဆင်ခြင်းတို့ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117