Connect with us

Politics, Law & Military

၂၀၁၅ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း ၆,၀၇၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီး၏ မဲဆန္ဒ နယ်မြေများ အလိုက် ဝင်ရောက် ယှဉ်ပြိုင်မည့် စိစစ်အတည်ပြုပြီး ကိုယ်စားလှယ်လောင်း ၆,၀၇၄ ဦး ရှိပြီး နိုင်ငံရေး ပါတီပေါင်း ၉၁ ပါတီမှ ၅,၇၆၄ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၃၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ယနေ့ ထုတ်ပြန်ချက် အရ သိရသည်။

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် တစ်နိုင်ငံလုံး မဲဆန္ဒနယ် ၁,၁၇၁ နယ်မြေ အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၁၈၉ ဦး စာရင်း တင်သွင်းခဲ့ရာမှ ယခု စိစစ် အတည်ပြုပြီးနောက် ထုတ်ပြန်လိုက်သော စာရင်းအရ မဲဆန္ဒနယ်မြေ ၁၁၆၃ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအရေအတွက်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်မြေ အတွက် ၁,၇၄၅ ဦး ၊ အမျိုးသား လွှတ်တော် အတွက် ၈၈၆ ဦး နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် ၃,၄၄၃ ဦး စုစုပေါင်း ၆,၀၇၄ ဦး ရှိသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူများအနက် ကိုယ်စားလှယ်လောင်း ၁၁၅ ဦးသည် ယခုနောက်ဆုံးစာရင်းတွင် မပါဝင်ခဲ့ဘဲ ၎င်းတို့အနက်မှ ၃၉ ဦးမှာ ကိုယ်စားလှယ်လောင်း အဖြစ်မှ ပြန်လည် ရုတ်သိမ်းသွား ခဲ့ကြောင်း ၊ ၇၅ ဦးမှာ ကိုယ်စားလှယ်လောင်း စိစစ်ရာတွင် ညိစွန်းသဖြင့် ပယ်ချခဲ့ပြီး ၁ ဦးမှာ သေဆုံးသွားသဖြင့် မပါဝင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကိုယ်စားပြု ၁,၁၃၀ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ၁,၁၃၀ ဦးအများဆုံး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယခုကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး သမိုင်းတစ်လျှောက်တွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲများအနက် လွှတ်တော် ကိုယ်စား လှယ်လောင်းများ အမည်စာရင်း တင်သွင်းမှု အများဆုံးဖြစ်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိသည်။ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်အထိ ပြုလုပ်နိုင်သည်။

ယခင် ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁,၁၅၉ နယ်မြေရှိပြီး နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၂,၉၈၉ ဦးနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး စုစုပေါင်း ၃,၀၇၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ယင်းရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် အများဆုံး အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြန်လည် မှတ်ပုံတင်ပြီးနောက် ဝင်ရောက် အရွေးချယ်ခံခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117