Connect with us

Africa & Middle East

ကွန်ဂို မြေပြိုကျမှုအတွက် တရုတ် သမ္မတ ဝမ်းနည်းကြောင်း ပြောကြား

ကွန်ဂိုနိုင်ငံတွင် မြေပြိုကျမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀၀ ဦး သေဆုံးခဲ့ခြင်းအတွက် ကွန်ဂို သမ္မတထံ တရုတ် သမ္မတ ရှီကျင့်ဖိန်က ဝမ်းနည်းကြောင်း သတင်းစကား ပြောကြားလိုက်သည်။

ကွန်ဂို သမ္မတJoseph Kabila ထံ သြဂုတ်လ ၂၀ ရက်က ပေးပို့လိုက်သည့် ဝမ်းနည်းကြောင်း သတင်းစကား၌ ရှီက သေဆုံးသွားသူများအတွက် ပူဆွေးဝမ်းနည်းရပါကြောင်း၊ ဆွေမျိုးသားချင်း ဆုံးရှုံးသွားခဲ့ရသူများအတွက် ကြေကွဲရပါကြောင်း၊ သဘာဝဘေးအား တရုတ် အစိုးရနှင့် ပြည်သူများ ကိုယ်စား ခံစားရပါကြောင်း ပြောကြားခဲ့သည်။ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း Ituri ပြည်နယ်ရှိ ကျေးရွာ သုံးရွာ၌ သြဂုတ်လ ၂၄ ရက်က မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး လူ ၂၀၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117