Connect with us

Africa & Middle East

ဟားမတ်စ်အကျဉ်းသားများက အစ္စရေးထောင်ဝန်ထမ်းများကို ဓါးဖြင့် တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြား

ဓါးဖြင့်တိုက်ခိုက်မှုဖြစ်ပွားရာ အစ္စရေးနိုင်ငံ တောင်ပိုင်း Ktzi’ot အကျဉ်းထောင် သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျေရုဆလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းလူမျိုး ဟားမတ်အကျဉ်းသားများသည် အကျဉ်းထောင်တစ်ခု၌ အစ္စရေးထောင်ဝန်ထမ်းများကို ဓါးဖြင့်တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ရာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအကျဉ်းဦးစီးဌာနက မတ် ၂၄ ရက်တွင်ပြောကြားခဲ့သည်။

အကျဉ်းဦးစီဌာန ပြောရေးဆိုခွင့်ရှိသူ က အဆိုပါဖြစ်ရပ်သည် ပါလက်စတိုင်းအကျဉ်းသားများအတွက် သီးသန့်တည်ဆောက်ထားသည့် အစ္စရေးနိုင်ငံ တောင်ပိုင်း Ktzi’ot အကျဉ်းထောင် ၌ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အနည်းဆုံးထောင်ဝန်ထမ်း ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း သိရသည်။ ပြောရေးဆိုခွင့်ရှိသူက အကျဉ်းသားများအကြား ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ရှားပါးဖြစ်စဉ်တွင် ပါဝင်သည့် အကျဉ်းသားများသည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စလာမ်မစ်လှုပ်ရှားမှုလုပ်ဆောင်နေသည့် ဟားမတ်စ်များဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က အကျဉ်းဦးစီးဌာန သည် တယ်လီဖုန်းဆက်သွယ်မှုများ နှင့် အကျဉ်းသားများ ၏ မိုဘိုင်းဖုန်း အသုံးပြုမှုအား တားမြစ်လိုက်ပြီးနောက် ဟားမတ်စ်အကျဉ်းသားများသည် ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကာ မွေ့ရာတစ်ချို့အား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

တရားဝင်အချက်အလက်များအရ အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသား ၆,၀၀၀ ခန့် ထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.