Connect with us

Europe

အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသော ပြင်သစ်နိုင်ငံသမ္မတ(ဟောင်း)ဇာကိုဇီ တရားရုံးတွင် ထွက်ဆို

၂၀၂၀ ပါရီ မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် LR ပါတီမှ မြို့တော်ဝန်လောင်း Rachida Dati အတွက် ပြင်သစ်နိုင်ငံသမ္မတဟောင်း ဇာကိုဇီက ပါရီမြို့၌ ၂၀၂၀ ပြည့်နှစ် မတ် ၉ ရက်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ပါရီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ပြင်သစ်နိုင်ငံသမ္မတ(ဟောင်း)နီကိုလပ်စ်ဇာကိုဇီ(Nicolas Sarkozy)သည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ၎င်း၏ ဩဇာကို အသုံးပြု၍ နည်းလမ်းမကျသောပုံစံမျိုးဖြင့် သတင်းအချက်အလက်စုဆောင်းကာ ရွေးကောက်ပွဲလွှမ်းမိုးမှုရရှိစေရန် လုပ်ဆောင်မှု နှင့် အဂတိလိုက်စားမှု တို့ဖြင့် တရားစွဲဆို ခံထားရခြင်းအပေါ်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်က ပါရီပြစ်မှုဆိုင်ရာ တရားရုံး၌ ထွက်ဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရာဇဝတ်တရားသူကြီးများက သမ္မတဟောင်း ဇာကိုဇီ နှင့် သူ၏ ရှေ့နေ Thierry Herzog တို့သည် ဇာကိုဇီ၏ ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွင် ငွေကြေးထည့်ဝင်လှူဒါန်းမှုပြုလုပ်စေရန် ကွယ်လွန်သွားပြီးဖြစ်သည့် L’Oreal လုပ်ငန်းစု၏အမွေးစားအမွေခံ Liliane Bettencourt အား ယင်း၏ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုအပေါ် အခွင့်ရေးယူကာ အသုံးချခဲ့ကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်တော့မည်ဆိုသည့် သတင်းအချက်များကို ဖလှယ်ပေးခဲ့သူ ယခင်ရာဇဝတ်တရားသူကြီး Gilbert Azibert အား မိုနာကိုမြို့တွင် ဂုဏ်သရေကြီးမားသော အလုပ်အကိုင်တစ်ခုပေးရန် ကမ်းလှမ်းခဲ့ကြောင်း စွပ်စွဲထားသည်။

အသက် ၆၅ နှစ်ရွယ်ရှိ ဇာကိုဇီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပြင်သစ်နိုင်ငံသမ္မတအဖြစ် တာဝန်ယူခဲ့သည်။ ၎င်းသည် ခေတ်သစ်ပြင်သစ်သမိုင်းတွင် ပထမဆုံးတရားစွဲဆိုခံရသည့် သမ္မတဟောင်းတစ်ဦးဖြစ်လာသည်။ ၎င်းသည် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအားလုံးအပေါ် ငြင်းဆိုထားသည်။

“ ကျွန်တော့်အနေနဲ့ အဂတိလိုက်စားမှုကို နည်းနည်းလေးတောင် မကျူးလွန်ခဲ့ပါဘူး ” ဟု ဇာကိုဇီက ရာဇဝတ်တရားသူကြီးများအား ထွက်ဆိုခဲ့သည်။

“ ဒီမကောင်းသတင်းအားလုံးကို ကျွန်တော်ရှင်းလင်းပစ်ချင်ပါတယ် ၊ လုပ်ထုံးလုပ်နည်းအရသာမကပါဘူး ၊ ဘာကြောင့်လဲဆိုတော့ အမှန်တရား နဲ့ ဥပဒေ ကြောင်းအရလည်း ဖြစ်စေချင်တာပေါ့ ” ဟု ၎င်းက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ဇာကိုဇာ၏ရှေ့နေ Herzog နှင့် ယခင်ရာဇဝတ်တရားသူကြီး Azibert တို့ကိုလည်း အကျင့်ပျက် ခြစားမှု ၊ မိမိအလုပ်တာဝန်ဝတ္တရားကိုချိုးဖောက်၍ ဖုံးကွယ်မှု နှင့် လွှမ်းမိုးရန် အားထုတ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ယင်းစွပ်စွဲချက်များ ခိုင်လုံမှန်ကန်ပါက ဇာကိုဇီသည် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ် ယူရိုတစ်သန်း(အမေရိကန်ဒေါ်လာ ၁.၂၁၃ သန်း) ကျခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

#ပြင်သစ်,#သမ္မတဟောင်း, #အဂတိလိုက်စားမှု,#တရားရုံး #France, #former President, #Sarkozy, #corruption, #court, #ဆင်ဟွာ

———————-

(English Version)

France’s former President Sarkozy in court on corruption charges

PARIS, Dec. 7 (Xinhua) — Former French President Nicolas Sarkozy appeared at the Paris criminal court on Monday on charges of corruption and influence peddling for allegedly using his influence to secure information about a separate probe into irregularities in his 2007 election campaign.

Magistrates accuse Sarkozy and his lawyer, Thierry Herzog, of having proposed a prestigious job in Monaco to former magistrate Gilbert Azibert in exchange for tip-offs on an inquiry into allegations that Sarkozy had exploited the mental frailty of late L’Oreal heiress Liliane Bettencourt to enjoy donations in cash to finance his 2007 presidential campaign.

Sarkozy, 65, led France from 2007 to 2012. He is the first ex-president in modern France to appear in the dock. He denied all wrongdoing.

“I have never committed the slightest act of corruption,” he told magistrates.

“I want to be cleansed of this infamy, not just by procedure … because I want the truth of the facts and law,” he was quoted as saying by local media.

Herzog and Azibert also face trial on charges of corruption, trading in influence and concealment of breach of professional secrecy.

If the accusations are proven, Sarkozy risks a 10-year prison term and a one million euro fine (1.213 million U.S. dollars).

Photo caption – Former French president Nicolas Sarkozy speaks during a political rally for Rachida Dati, Les Republicains (LR) party candidate for the upcoming Paris 2020 mayoral election, in Paris, France, March 9, 2020. (Photo by Aurelien Morissard/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.