Connect with us

North America

အမေရိကန် ရှိ Amazonလုပ်ငန်း ၏ ဖြန့်ချိရေးဂိုဒေါင်ပြိုကျရာ လူ ၂ဦးသေဆုံး

နံရံပြိုကျမှုဖြစ်ပွားခဲ့သည့် Amazonလုပ်ငန်း ၏ ဖြန့်ချိရေးဂိုဒေါင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် အရှေ့တောင်ပိုင်း Baltimore မြို့ ရှိ Amazon ၏ ဖြန့်ချိရေးဂိုဒေါင်တစ်ခု ၌ အဆောက်အဦးအစိတ်အပိုင်းတစ်ခု ပြိုကျရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၃ရက် တွင် ပြောကြားခဲ့သည်။

Baltimore မြို့မီးသတ်ဌာနအကြီးအကဲ Roman Clark က မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုဝင်ဘာ ၂ရက် ညပိုင်းတွင် Amazon ၏ ပစ္စည်းထောက်ပံ့ရေးဂိုဒေါင်၌ ပေ ၅၀ (၁၅.၃မီတာခန့်) ရှိ နံရံတစ်ခု ပြိုကျခဲ့ကြောင်း ပြောကြားခဲ့သည်။နိုဝင်ဘာ ၂ရက် ညပိုင်းတွင် အပျက်အစီးများအောက်၌ လူတစ်ဦးအားတွေ့ရှိခဲ့ပြီး ၎င်းအားဆေးရုံသို့ပို့ဆောင်ခဲ့ရာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ မီးသတ်သမားများသည် နိုဝင်ဘာ ၃ရက် နံနက်ပိုင်းတွင် ဒုတိယအမျိုးသား၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Baltimore Sun သတင်းစာ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါ အမျိုးသားများသည် Amazon ၏ ဝန်ထမ်းများ (သို့) ကုန်တင်ကားကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်သည်ကို ရှင်းလင်းစွာ မသိရှိရသေးကြောင်း သိရသည်။Clark က အပျက်အစီးအောက်တွင်ပိတ်မိနေသည့် လူများ ရှိ၊မရှိ သေချာစေရန် ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။ (Xinhua)