Connect with us

Media

တရုတ်နိုင်ငံက Lijian-1 Y4 စီးပွားရေးလုပ်ငန်းသုံး သယ်ဆောင်ရေးဒုံးပျံ လွှတ်တင်

ကျိုချွမ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဂြိုဟ်တုငါးစင်း ပါဝင်သည့် စီးပွားရေးလုပ်ငန်းသုံးသယ်ဆောင်ရေးဒုံးပျံ Lijian-1 Y4 အား စက်တင်ဘာ ၂၅ ရက်က လွှတ်တင်လိုက်ကြောင်း သိရသည်။
အဆိုပါဒုံးပျံကို တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၃၃ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး Jilin-1 SAR01A ဂြိုဟ်တုနှင့် Yunyao-1 21-22 ဂြိုဟ်တုများ အပါအဝင် ဂြိုဟ်တုအစုအဖွဲ့က သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
China launches commercial Lijian-1 Y4 carrier rocket
China on Wednesday launched a Lijian-1 Y4 commercial carrier rocket with five satellites onboard.
The rocket blasted off at 7:33 a.m. (Beijing Time) from the Jiuquan Satellite Launch Center in northwest China and sent a group of satellites, including the Jilin-1 SAR01A satellite and Yunyao-1 21-22 satellites, into their planned orbits.
Xinhua News Agency correspondents reporting from Jiuquan, China. (XHTV)