ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ရာဇသြင်္ကန်လမ်း၌ ဖေဖော်ဝါရီ ၃ရက် ည ၁၂ နာရီ အချိန်က နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကျပ် ၂၉သိန်းကျော် ဖိုး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်မြောက်ရှိ ခရက်ကာမုန့်ထုတ်လုပ်သော စက်ရုံတစ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။
လန်ဒန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မန်ချက်စတာစီးတီးစင်တာ မြောက်ပိုင်း ရပ်ကွက်ရှိ ၁၂ ထပ် တိုက်ခန်းတွဲ တစ်ခု ဒီဇင်ဘာလ ၃၀ ရက်က မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၌ ယနေ့နိုဝင်ဘာ ၅ ရက် ၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးပုဇွန် အဝယ်ဒိုင်(၁၁)ဒိုင်၊ လူနေအိမ် (၁၆)လုံး၊ လူဦးရေ (၇၀) အိုးမဲ့ အိမ်မ ဲ့ဖြစ်ခဲ့ရပြီး...
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့ဟိုတယ်သည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဆိုးလ် ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Gyeongsang ပြည်နယ် Changwon မြို့ရှိ STX သင်္ဘောတည်ဆောက်ရေး သင်္ဘောကျင်း၌ ယနေ့(သြဂုတ်လ ၂ဝ ရက်)တွင် ရေနံတင်သင်္ဘောတစ်စင်း မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယုန်ဟတ် (Yonhap) သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
လန်ဒန် ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မြောက်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည် အသွားအလာများသည့် Camden ဈေးကြီး အဆောက်အဦ မီးလောင်ကျွမ်းနေမှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်လျှက် ရှိကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ဇူလိုင်လ ၁ဝ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျားက Savar မြို့ရှိ အထပ် ရှစ်ထပ်ရှိသော အထည်ချုပ် အဆောက်အအုံ တစ်ခု ဇူလိုင်လ ၈ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၉ ရက် နံနက်အစောပိုင်းတွင်...
ဘေရွတ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) လက်ဘနွန် နိုင်ငံ အရှေ့ပိုင်း ရှိ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များ နေထိုင်ရာ ဒုက္ခသည်စခန်းသည် ဇူလိုင်လ ၂ ရက်နေ့တွင် ရုတ်တရက် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံး...
အစ္စလာမ်မာဘတ်၊ ဇွန်လ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် တွင် ဇွန်လ ၂၅ရက် က ဆီတင်ကား မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂၀ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံသတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။