Videos
တရုတ်နိုင်ငံက ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရှည်ဆုံး ရေပေါ်လမ်း
ကွေ့ကျိုး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Luodian မြို့ရှိ ဆွေဟော်မြစ် အပန်းဖြေစခန်း တွင် တည်ဆောက်ထားသော ရေပေါ်လမ်းသည် ၅၁၂၇.၃၇ မီတာအရှည်ရှိကြောင်း သိရသည်။
အဆိုပါ ရေပေါ်လမ်းအား ရေပေါ်ပေါ်စေသည့် အရာဝတ္ထုပေါင်း ၂၂၂,၅၀၀ ခုဖြင့် ပံ့ပိုးတည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းတို့အား မြစ်ကြမ်းပြင်အောက်ခြေတွင် ကျောက်ချထား၍ ရေမျက်နှာပြင် အနိမ့်အမြင့်အလိုက် အထက်အောက် အလိုက်သင့် ရွေ့လျားနိုင်ကြောင်း သိရသည်။
ယင်းရေပေါ်လမ်း သည် ၎င်းအမျိုးအစားရေပေါ်လမ်းများအနက် ကမ္ဘာပေါ်တွင် အရှည်ဆုံးရေပေါ်လမ်းအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
Continue Reading