Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom နှင့် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေး နိုင်ငံများ ဖြစ်ပြီး စီးပွားရေးစုစုပေါင်းပမာဏသည် ကမ္ဘာ့သုံးပုံတစ်ပုံ၊ လူဦးရေစုစုပေါင်းသည် ကမ္ဘာ့ လေးပုံတစ်ပုံနီးပါး၊ နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် ကမ္ဘာ့ ငါးပုံတစ်ပုံခန့် ရှိကြရာ နှစ်ဖက်အကြား အလွန်နီးကပ်သည့် အကျိုးစီးပွား ယှက်နွယ်မှု ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး ယနေ့အထိ တိုးတက်လာခြင်းမှာ ခဲယဉ်းရာ ပို၍ တန်ဖိုးထားထိုက်ပါကြောင်း ၊ အမေရိကန်အပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူ၍ တစ်သမတ်တည်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ၎င်းကိုဦးတည်၍ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ရာ အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ လျှောက်လှမ်းသွားစေလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ကယ်လီဖိုးနီးယားပြည်နယ်သို့ အလည်အပတ်ခရီးသွားရောက်စဉ် အကြောင်းအရာများကို ပျော်ရွှင်စွာ ပြန်လည်အောက်မေ့လျက် တရုတ်နိုင်ငံ၏အစိမ်းရောင်အသွင်ပြောင်းမှုနှင့် သက်ဆိုင်ရာ ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား မိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်-အမေရိကန်ဆက်ဆံရေး ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ခြင်းတွင် ဘက်ပေါင်းစုံ၏ စုပေါင်းအင်အား လိုအပ်ကြောင်း သမ္မတ ရှီက ဆိုသည်။ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်သည် ပြည်သူ၌အခြေတည်ကြောင်း၊ မျှော်လင့်ချက်သည် ပြည်သူများတွင် ရှိရာ အနာဂတ်သည် လူငယ်များ၌ ရှိပြီး စိတ်အားထက်သန်မှုသည် ဒေသတွင် ရှိကြောင်း၊ မိမိအနေဖြင့် တရုတ်-အမေရိကန် ကဏ္ဍစုံ ဖလှယ်ရေးနှင့် ဒေသပူးပေါင်းဆောင်ရွက်ရေးကို အထူးအလေးထားကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် နှစ်ဖက်အပြန်အလှန် နားလည်မှုကို တိုးမြှင့်မည်၊ တရုတ်-ကယ်လီဖိုးနီးယားပြည်နယ် ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်အောင် ဆောင်ရွက်မည်၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘော အခန်းကဏ္ဍကို တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဥတုရာသီပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရေး စသည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကြီးမားကြောင်း၊ နှစ်ဖက်အနေဖြင့် ဤကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝ အားဖြည့်ဆောင်ရွက်နိုင်ရာ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုသစ်အဖြစ် တည်ဆောက်ရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က လွန်ခဲ့သည့်ဆယ်စုနှစ်များတွင် တရုတ်နိုင်ငံသည် သူမတူအောင် တိုးတက်အောင်မြင်မှုများရရှိခဲ့ကြောင်း အထူးသဖြင့် ယခုနှစ်များ၌ စွမ်းအင်သစ်ကဏ္ဍ၌ ရရှိသည့် အောင်မြင်မှုက အံ့ဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် အခြားမည်သည့်နိုင်ငံနှင့်ဆက်ဆံရေးကမျှ တရုတ်-အမေရိကန် ဆက်ဆံရေးထက် ပို၍ အရေးမကြီးကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေးသည် အမေရိကန်နိုင်ငံ၏ အနာဂတ်နှင့်သက်ဆိုင်သလို ပြည်သူများ၏ သာယာချမ်းမြေ့မှုနှင့်သက်ဆိုင်ကြောင်း၊ ဒေသချင်းဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းဖြစ်ကြောင်း၊ သမိုင်းတွင် တရုတ်နွယ်ဖွားများက ကယ်လီဖိုးနီးယားပြည်နယ် တည်ဆောက်ရေးတွင် အဓိကအကျိုးဆောင်မှုများ ရှိခဲ့သလို ကယ်လီဖိုးနီးယားပြည်နယ်သည်လည်း တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန်၏ အဓိက ပြတင်းပေါက်ဖြစ်ကြောင်း၊ သမ္မတ ရှီ၏ အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် လက်ကိုင်ထားကျင့်သုံးရမည့် အခြေခံစည်းမျဉ်း မိမိအနေဖြင့် သဘောတူလက်ခံပါကြောင်း၊ ထိုခံယူချက်ဖြင့်ပင် ကယ်လီဖိုးနီးယားပြည်နယ်၏ တရုတ်နိုင်ငံ ဆက်ဆံရေးကို အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ ဥတုရာသီပြောင်းလဲမှု၊ စွမ်းအင်သစ် စသည့် ကဏ္ဍများတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် ရေရှည်၊ တည်ငြိမ်၍ အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း Gavin Newsom က ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
习近平会见美国加利福尼亚州州长纽森
新华社北京10月25日电(记者刘华)10月25日下午,国家主席习近平在人民大会堂会见美国加利福尼亚州州长纽森。
习近平指出,中美两国是全球前两大经济体,经济总量超过世界三分之一、人口总数占世界近四分之一、双边贸易额约占世界五分之一,双方利益交融十分紧密。中美关系发展到今天,成果来之不易,值得倍加珍惜。中方对美政策一以贯之,就是坚持相互尊重、和平共处、合作共赢。中方会继续朝着这个方向努力,也希望美方同中方相向而行。
习近平愉快地忆及曾经访问加利福尼亚州的情形,介绍了中国绿色转型以及有关地方发展情况。习近平指出,发展好中美关系,需要汇聚各方力量。中美关系基础在民间,希望在人民,未来在青年,活力在地方。我高度重视并支持中美各界交往和地方合作。希望你此访增进双方相互了解,为扩大中国同加州合作、推动中美关系健康稳定发展发挥积极作用。中美在绿色发展、应对气候变化等领域合作潜力巨大,双方完全可以加强这方面合作,将其打造成中美关系发展新亮点。
纽森表示,过去几十年来,中国发展取得非凡成就,特别是近年来在新能源领域取得的成就令人赞叹。世界上没有任何其他国家关系比美中关系更加重要,美中关系事关美国的未来,也关乎人民的幸福。地方交往是美中关系的重要组成部分。历史上华人为加州建设作出过重要贡献,加州一直是美国对华合作的重要门户。我赞同习近平主席关于发展美中关系应该秉持的原则,愿本着同样精神推动加州加强对华交往交流,密切在气候变化、新能源等领域合作。加州愿做中国长期、稳定、强劲的合作伙伴。
1. 10月25日下午,国家主席习近平在北京人民大会堂会见美国加利福尼亚州州长纽森。