Connect with us

Environment, Disasters & Accidents

ရေကြီး ရေလျှံမှု ကြုံတွေ့နေရသော မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ကုလသမဂ္ဂ အဆင်သင့်ရှိ

ရေဘေးသင့် ဒေသခံပြည်သူများအတွက် ကူညီထောက်ပံ့ ပစ္စည်းများ ပေးအပ်ရန် ပြင်ဆင်နေစဉ် ( ဓာတ်ပုံ- MOI)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လိုအပ် သော အကူအညီများ ထောက်ပံ့ ကူညီပေးရန် ကမ္ဘာ့နိုင်ငံတွေက အဆင်သင့် ရှိနေကြောင်း ကုလသမဂ္ဂက သောကြာနေ့က ပြောလိုက်ပါသည်။

မြို့နယ် ၁၁ မြို့နယ် ရေဖုံးလွှမ်းခဲ့သလို လူပေါင်း ၇၀,၀၀၀ နီးပါး ဆိုးဆိုး ရွားရွား ထိခိုက်ခံခဲ့ ရပြီး လူကိုးဦး သေဆုံး၍ အိမ်ခြေ ၁၂,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ ရုံးတွဲဖက် ပြောရေးဆိုခွင့်ရှိသူ အယ်ရီကန်နီကို (Eri Kaneko ) က ပြောပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ရှိသူများ အဆိုအရ ရေဖုံးလွှမ်းမှုကြောင့် ထိခိုက်မှုရှိသူ သို့မဟုတ် ပြောင်းရွှေ့နေရ သူ အရေအတွက်ဟာ ၄၀,၀၀၀ ကျော် ရှိကြောင်း သိရတယ်လို့ အယ်ရီကန်နီကို က ပြောပါသည်။
ကုလသမဂ္ဂ အနေဖြင့်လည်း အခြေအနေ ဆိုးဝါးသော ရေးဘေးသင့် ဒေသတွေကို သွားပြီး လက်ရှိ အခြေအနေနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များ ကူညီပေးနိုင်ရန် သွားရောက် လေ့လာ နေကြောင်း သိရပါသည်။

ပြီးခဲ့သော ဗုဒ္ဓဟူနေ့ ကတည်းက ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရခိုင်၊ ရန်ကုန် နှင့် ဧရာဝတီတိုင်း ဒေသကြီးများ၌ နွေနှင့် မိုးစပါး ဧက ၄၀,၀၀၀ နီးပါး ( ၁၆,၂၀၀ ဟက်တာ ခန့်) ရေလွှမ်းမိုး ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စစ်ကိုင်း တိုင်းဒေသကြီး အနောက်မြောက်ပိုင်း အတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် ရှိသော တံတားများ၊ လမ်းများ ပျက်စီးခဲ့ပြီး မန္တလေးနှင့် မြစ်ကြီးနားတို့ကြား ဆက်သွယ် ထားသော ရထားလမ်းကြောင်း သယ်ယူ ပို့ဆောင်ရေးတွေ ရပ်ဆိုင်းသွား ခဲ့ပါသည်။

လူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ရွှေဘိုနှင့် ကသာ မြို့များတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားကြောင်း အစီရင်ခံစာတွင် ပြောထား ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117