Connect with us

Europe

တိုက်စစ်မှူးမက်ဆီ ရွှေဘောလုံးဆု ၆ ကြိမ်မြောက် ဆွတ်ခူးပြီး အများဆုံးစံချိန်တင်

ကမာ္ဘ့အကောင်းဆုံး ရွှေဘောလုံးဆု ၆ ကြိမ်ရ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီအားတွေ့ရစဉ်(ဆင်ဟွာ)

ပါရီ ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

ဘာဆီလိုနာအသင်းတိုက်စစ်မှူး အာဂျင်တီးနားနိုင်ငံသား လီယွန်နယ်မက်ဆီ(Lionel Messi) သည် ဒီဇင်ဘာ ၂ ရက်တွင်၂၀၁၉ ခုနှစ် ရွှေဘောလုံးဆု(Ballon d’Or) ဆုကိုထပ်မံ ဆွတ်ခူးခဲ့ရာ ၎င်းသည် ၆ ကြိမ်မြောက် ရွှေဘောလုံးဆုရှင်အဖြစ် အများဆုံးစံချိန်တင် နိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆုပေးပွဲမတိုင်မီ မက်ဆီ နှင့် ခရစ်စီယာနိုရော်နယ်ဒို တို့နှစ်ဦးစလုံးသည် ရွှေဘောလုံးဆုကို ၅ ကြိမ်စီ အသီးသီး ဆွတ်ခူးရရှိထားခဲ့ကြသည်။ ယခုနှစ်ဆုပေးပွဲတွင် မက်ဆီသည် လီဗာပူးအသင်းအား ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရရှိအောင် ခြေစွမ်းပြ ကူညီပေးခဲ့သည့် လီဗာပူးကစားသမား Virgil Van Dijk ကို ဖြတ်ကျော်၍ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

“ လွန်ခဲ့တဲ့ ၁၀ နှစ်က ရွှေဘောလုံးဆု ပထမဆုံးအကြိမ် ရတုန်းက  ကျွန်တော့် ညီအစ်ကိုသုံးယောက်နဲ့အတူ ပြင်သစ်မှာ ဆုလာယူခဲ့တာကို ပြန်ပြောင်းသတိရမိတယ်၊ အဲဒီတုန်းက ကျွန်တော့်အသက် ၂၂ နှစ်ပေါ့ ၊ ကျွန်တော်ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာတော့ အားလုံးပြန်ပြောင်း မမှတ်မိနိုင်တော့ဘူး” ဟု မက်ဆီက ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ အခု ဆယ်နှစ်ကြာပြီးနောက်မှတော့ ၆ ကြိမ်မြောက် ရွှေဘောလုံးဆုထပ်ရတယ် ၊ သိပ်ကိုကွဲပြားခြားနားတဲ့ ကာလတစ်ခု အတွင်းမှာ ကျွန်တော့်လူနေမှုဘဝဟာလည်း ဇနီးရယ် ၊ ကလေးသုံးယောက်ရယ်နဲ့ သိပ်ကို ထူးခြားနေပြီး”

“ ကျွန်တော်အသက်အရွယ်ရလာပြီ ဆိုတာကို သတိပြုမိပါတယ် ၊ ဒါပေမယ့် ကျွန်တော်နောက်ထပ် နှစ်များစွာ ဘောလုံး ဆက်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မက်ဆီက ဆိုသည်။

မက်ဆီသည် FIFA ကမာ္ဘ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို စက်တင်ဘာလတွင် ဆွတ်ခူးရရှိခဲ့ပြီး ၊ ပြီးခဲ့သော ချန်ပီယံလိဂ်ဘောလုံးရာသီတွင် ၎င်းသည် ဘာဆီလိုနာအသင်းအတွက် ၁၂ ဂိုးသွင်းယူပေးခဲ့ရာ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဘာဆီလိုနာအသင်းသည် အကြိုဗိုလ်လုပွဲ၌ လီဗာပူးအသင်းအားရှုံးနိုမ့်၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အသက် ၃၂ နှစ်အရွယ် မက်ဆီသည် စပိန်လာလီဂါတွင် ဘာဆီလိုနာအသင်းဗိုလ်စွဲအောင် စုစုပေါင်း သွင်းဂိုး ၃၆ ဂိုး ထောက်ပံ့ကူညီခဲ့ပြီး ဉရောပရွှေဖိနပ်ဆု ဆွတ်ခူးရရှိခဲ့သည်။၎င်းသည် ၂၀၁၉ ကိုပါအမေရိကား ဘောလုံးပြိုင်ပွဲတွင် အာဂျင်တီနားအသင်း တတိယ ဆုဆွတ်ခူးရရှိအောင် ကူညီပေးခဲ့သည်။

ဂျူဗင်တပ်ရှေ့တန်းတိုက်စစ်မှူး ရော်နယ်ဒိုသည် ရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် အမည်ပါဝင်ခဲ့သော်လည်း ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သော ဇူလိုင်လက ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည့် ကမာ္ဘ့အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမေရိကန်အသင်းဗိုလ်စွဲအောင် ဦးဆောင်ပေးခဲ့သူ Megan Rapinoe က အကောင်းဆုံးအမျိုးသမီးရွှေဘောလုံးဆု ဆွတ်ခူးရရှိခဲ့သည်။

အသက် ၃၄ နှစ်အရွယ် Rapinoe သည် တစ်နှစ်တာ FIFA အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့ကြောင်း နှင့် အဆိုပါကမာ္ဘ့ဖလားပြိုင်ပွဲတွင် ၎င်းသည် အကောင်းဆုံးဘောလုံးသမားဆု နှင့် ဂိုးအများဆုံးသွင်းနိုင်သူ ရွှေဖိနပ်ဆုများကိုပါ အသီးသီး ဆွတ်ခူးရရှိထားသူဖြစ်ကြောင်း သိရသည်။

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းနောက်တန်းကစားသမား နှင့် နယ်သာလန်အမျိုးသားလက်ရွေးစင်အသင်း ကစားသမား ဖြစ်သူ Matthijs de Ligt သည် အသက် ၂၁ နှစ်အောက် အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa ဆုတံဆိပ်) ကို ဆွတ်ခူးရရှိခဲ့သည်။

ဘရာဇီးနိုင်ငံသား လီဗာပူးအသင်းဂိုးသမား ALisson Becker သည် ယခုနှစ်အတွက် အကောင်းဆုံးဂိုးသမားဆု(Yashin ဆုတံဆိပ်) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.