ပေါ်တို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) COVID-19 ကူးစက်မှုဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားရသည့် ပေါ်တူဂီနိုင်ငံ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း မလိုက်နာသည့်ပြစ်မှုအတွက် လူ ၇ ဦးအား ပေါ်တူဂီလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း ပေါ်တူဂီအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက မတ် ၂၂ ရက်တွင် ပြောကြားလိုက်သည်။
လစ္စဘွန်း ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း၌ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းတွင် နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈ ဦးသေဆုံးပြီး ၊ ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
လစ္စဘွန်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ပေါ်တူဂီ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်နယ်အတွင်းရေးမှူး Jorge Gomes က ပေါ်တူဂီ နိုင်ငံ အလယ်ပိုင်း တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရရှိသူ ၅၄...