Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အစိုးရချင်း တွေ့ဆုံဆွေးနွေးမှုယန္တရား ပူးတွဲဥက္ကဋ္ဌများနှင့် တွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အစိုးရချင်း တွေ့ဆုံဆွေးနွေးမှုယန္တရား ပူးတွဲ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ကုလသမဂ္ဂဆိုင်ရာ ကာတာအမြဲတမ်းကိုယ်စားလှယ် Alya Ahmed Saif Al-Thani နှင့် ဒိန်းမတ်အမြဲတမ်းကိုယ်စားလှယ် Martin Bille Hermannတို့နှင့် ဖေဖော်ဝါရီ ၂၂ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး အစိုးရချင်း တွေ့ဆုံဆွေးနွေးမှုယန္တရား ပူးတွဲ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ကုလသမဂ္ဂဆိုင်ရာ ကာတာအမြဲတမ်းကိုယ်စားလှယ် Alya Ahmed Saif Al-Thani နှင့် ဒိန်းမတ်အမြဲတမ်းကိုယ်စားလှယ် Martin Bille Hermannတို့နှင့် ဖေဖော်ဝါရီ ၂၂ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက လုံခြုံရေးကောင်စီသည် နိုင်ငံတကာစုပေါင်းလုံခြုံရေးယန္တရား၏ဗဟို ဖြစ်ကြောင်း ဆိုသည်။ လက်ရှိ တည်ငြိမ်အေးချမ်းမှုမရှိသည့် နိုင်ငံတကာပတ်ဝန်းကျင်တွင် လုံခြုံရေးကောင်စီသည် ပြုပြင်ပြောင်းလဲခြင်းဖြင့် စွမ်းရည်နှင့်ထိရောက်မှုကို မြှင့်တင်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှပေးအပ်သည့် တာဝန်တ္တရားများကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း ၊ လုံခြုံရေးကောင်စီ၏ ကျိုးကြောင်းဆီလျော်ပြီးလိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အမြဲ ထောက်ခံကြောင်းနှင့် ထို့အတွက် အပြုသဘော အစဉ်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ပြုပြင်ပြောင်းလဲမှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောဆိုခွင့်ကို ဦးစားပေး တိုးချဲ့ပေးရမည်ဖြစ်ရာ ပိုမိုများပြားသည့်နိုင်ငံများ အထူးသဖြင့် အသေးစားနှင့်အလတ်စားနိုင်ငံများ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် ပါဝင်ခွင့် ပိုမိုရှိလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းမှာ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး၏ ကနဦးဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး၏ ဦးတည်ချက်လည်းဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမျုသည် စနစ်စီမံကိန်းပြုပြင်ပြောင်းလဲမှုတစ်ရပ်ဖြစ်ရာ အရာအားလုံးကို ခြုံငုံဖြေရှင်းနိုင်မည့် နည်းလမ်းကို ခိုင်မာစွာ ဆောင်ရွက်ရမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်သည့် အကြောင်းအရာ ၅ မျိုးကို ထည်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ပြုပြင်ပြောင်းလဲမှုသည် အများသဘောတူညီမှုတစ်စုတစ်စည်းတည်းရှိခြင်း၊ အဖွဲ့ဝင်နိုင်ငံများမှ ဦးဆောင်မှုကို ခိုင်မာစွာဆောင်ရွက်ခြင်း ၊ အဖွဲ့ဝင်နိုင်ငံများ၏သဘောတူညီမှုကို ထင်ဟပ်နိုင်ခြင်း၊ ရလဒ်သည် အဖွဲ့ဝင်နိုင်ငံများ လက်ခံနိုင်ခြင်းများ ရှိရမည် ဖြစ်ရာ အစိုးရချင်းဆွေးနွေးသည် ပင်မလမ်းကြောင်းအဖြစ် ခိုင်မာစွာ ထားရှိရမည်ဖြစ်ကြောင်း ဆိုသည်။

ပူးတွဲဥက္ကဋ္ဌ ၂ ဦး အနေဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားကို ရှေ့ရှုကာ ဘက်ပေါင်းစုံ အပြန်အလှန်ရပ်တည်ချက်များ၏ နားလည်မှုတိုးပွားအောင် လမ်းကြောင်းပေးရန်၊ လုံခြုံရေးကောင်စီ ပြုပြုပြင်ပြောင်းလဲမှု မှန်ကန်သည့် ဦးတည်ချက်ဖြင့် တည်ငြိမ်ကောင်းမွန်စွာ ရှေ့သို့ လျှောက်လှမ်းနိုင်ဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Alya Ahmed Saif Al-Thani နှင့် Martin Bille Hermannက တရုတ်နိုင်ငံ၏ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒအား ထိန်းသိမ်းကာကွယ်မှုနှင့်ကုလသမဂ္ဂ၏အခန်းကဏ္ဍအား အားဖြည့်ပေးသည့် ကြိုးပမ်းမှုများကို တန်ဖိုးထားကြောင်း၊ ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲ အောင်မြင်စွာ ကျင်းပခြင်းအတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးသည် ရှုပ်ထွေး၍ထိလွယ်ရှလွယ်ကြောင်း ၊ အဖွဲ့ဝင်နိုင်ငံများ၏ဦးဆောင်မှုကို ခိုင်မာစွာ ဆက်လက်ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများ၏သဘောဆန္ဒကို အပြည့်အဝ ကြားနာကာ အများသဘောတူညီမှုရရှိအောင်၊ ကွဲလွဲမှုများ လျော့နည်းအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံအသီးသီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ တိုးမြှင့်ကာ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

#China, #UN, #WangYi, #xinhua, #xinhuamyanmar, #တရုတ်, #ကုလသမဂ္ဂ, #ဝမ်ရိ, #ဆင်ဟွာ

…………………………………………
(Chinese Version)

王毅会见第76届联大安理会改革政府间谈判机制共同主席
2022-02-23 10:52:47
新华社北京2月23日电国务委员兼外长王毅22日在北京以视频方式会见第76届联大安理会改革政府间谈判机制共同主席、卡塔尔常驻联合国代表阿勒萨尼和丹麦常驻联合国代表赫尔曼。
王毅表示,安理会是国际集体安全机制的核心。在当前动荡不安的国际环境中,安理会需要通过改革提升能力和效率,更好履行联合国宪章赋予的职责。中方一贯支持安理会进行合理必要改革,并一直为此付出建设性努力。
王毅表示,安理会改革要优先增加发展中国家的代表性和发言权,让更多国家特别是中小国家有更多机会参与安理会决策,这既是安理会改革的初衷,也是改革的方向。
王毅强调,安理会改革是一项系统工程,必须坚持一揽子解决方案,兼顾改革所涉及的五大类问题。改革要凝聚共识,坚持由会员国主导、反映会员国共识、成果为会员国接受。要坚持政府间谈判的主渠道地位。
王毅表示,希望两位共同主席从联合国长远发展和全体会员国共同利益出发,引导各方增进对彼此立场的理解,推动安理会改革朝着正确方向平稳健康前行。
阿勒萨尼和赫尔曼赞赏中国为维护多边主义和加强联合国作用所作努力,祝贺北京冬奥会取得圆满成功。表示安理会改革复杂敏感,将继续坚持会员国主导,充分听取会员国意见,努力寻求扩大共识、减少分歧。愿与包括中国在内的各会员国加强沟通协调,稳步推进安理会改革进程。(完)
图说:2月22日,国务委员兼外长王毅在北京以视频方式会见第76届联大安理会改革政府间谈判机制共同主席、卡塔尔常驻联合国代表阿勒萨尼和丹麦常驻联合国代表赫尔曼。 新华社记者 李响 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.