Connect with us

Europe

Donbass သို့ရုရှားစစ်တပ်များ ချက်ချင်းဝင်ရောက်မည်ဟုမဆိုလိုကြောင်း ပူတင်ပြော

ရုရှားနိုင်ငံ မော်စကိုမြို့တွင် သမ္မတ ပူတင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားနေသည့်မြင်ကွင်းအား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

Donbass သို့ရုရှားစစ်တပ်များ ချက်ချင်းဝင်ရောက်မည်ဟုမဆိုလိုကြောင်း နှင့် ရုရှား၏ နောက်တစ်ဆင့် ဆောင်ရွက်မှုကို ရှေ့ဆက်အခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ပူတင်သည် အဇာဘိုင်ဂျန်နိုင်ငံသမ္မတ Ilharm Aliye နှင့် ဖေဖော်ဝါရီ ၂၂ ရက်က ကရင်မလင်နန်းတော်တွင် တွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

ရုရှားစစ်တပ်၏ လုပ်ရှားမှုနှင့် ပတ်သက်သည့်မေးမြန်းမှုကို ဖြေကြားရာတွင် ပူတင်က “ပထမဆုံးအနေနဲ့ တွေ့ဆုံပွဲပြီးပြီးချင်း ရုရှားစစ်တပ်တွေ Donbass ကိုသွားမှာလို့ ကျွန်တော်မပြောခဲ့ပါဘူး၊ ဒုတိယအနေနဲ့တော့ ရုရှားရဲ့ နောက်တစ်ဆင့်လုပ်ဆောင်မယ့် အတိအကျအစီအစဉ်ကို ခန့်မှန်းဖို့မဖြစ်နိုင်ပါဘူး၊ ရှေ့ဆက်ပြောင်းလဲနေတဲ့ အခြေအနေပေါ် မူတည် ပါတယ်”ဟု ဖြေကြားခဲ့သည်။

ပူတင်က ယူကရိန်းအရှေ့ပိုင်း Donbass ဒေသရှိ အရပ်ဘက်လက်နက်ကိုင်အဖွဲ့ တည်ထောင်ထားသည့် Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနှစ်နိုင်ငံတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု သွားရောက်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ပူတင်က ယင်းနှစ်နိုင်ငံအား စစ်ရေးအကူအညီအပါအဝင် ကူညီပံ့ပိုးမှုများ ပေးဆောင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားက ယင်းနှစ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်လိုက်ကြောင်း ထိုနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင် ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီတွင် ယူကရိန်းနိုင်ငံ Donbass ဒေသ၌ အစိုးရစစ်တပ်နှင့် အရပ်ဘက်လက်နက်ကိုင်အဖွဲ့များအကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အရပ်ဘက်လက်နက်ကိုင်အဖွဲ့ က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို တည်ထောင်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံတကာ ကြားဝင်ညှိနှိုင်းမှုမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားသည့် နှစ်ဖက်သည် ၂၀၁၄ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ဘီလာရုဇ်မြို့တော် မင့်ခ်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ သို့သော် သဘောတူညီချက်ရရှိပြီးနောက်တွင် ယင်းဒေသများ၌ အသေးစား တိုက်ခိုက်မှုများ ရံဖန်ရံခါ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး ရုရှားနှင့်ယူကရိန်းဆက်ဆံရေး ပို၍ တင်းမာလာသည်။ အမေရိကန်က ယူကရိန်းကို ရုရှား ကျူးကျော်တော့မည်ဟု ပြောဆိုခဲ့ရာ ရုရှားမှ “ကျူးကျော်ဝင်ရောက်ခြင်း”အဆိုကို ရှုတ်ချခဲ့ပြီး အခြားနိုင်ငံများကို ခြိမ်းခြောက်ရန် သို့မဟုတ် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း အလေးထားပြောကြားခဲ့သည်။ ယခုလ ၁၇ ရက်ကတည်းက Donbas ဒေသတွင် တင်းမာမှုအခြေအနေများ မြင့်တက်လာပြီး ယူကရိန်းအစိုးရတပ်ဖွဲ့နှင့် အရပ်ဘက် လက်နက်ကိုင်တပ်ဖွဲ့များက အချင်းချင်း ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု အပြန်အလှန် စွပ်စွဲထားကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)
普京:没说俄军立即进入顿巴斯
2022-02-23 14:59:03 分类: 政治法律
图片轮播
新华社北京2月23日电 俄罗斯总统弗拉基米尔•普京22日说,他没有说俄军将立即进入顿巴斯地区,俄方下一步行动要视前方局势而定。
俄军尚未进入
普京22日在克里姆林宫会晤阿塞拜疆总统伊尔哈姆•阿利耶夫,随后共同会见记者。
回答有关俄军动向的提问时,普京说:“首先,我没有说我们此刻这场会面结束后,俄罗斯部队就会去那里(顿巴斯)……其次,目前完全无法预言(我方)任何可能采取行动的具体安排,要视前方不断变化的具体情况而定。”
普京21日晚签署命令,承认乌克兰东部顿巴斯地区民间武装自行成立的“顿涅茨克人民共和国”和“卢甘斯克人民共和国”。命令要求俄军在这两地担负保障和平的职责。
普京在22日记者会上说,俄方将向这两个“共和国”提供援助,包括军事援助。俄外交部同日宣布,俄罗斯与两个“共和国”建立“外交关系”。
2月21日在莫斯科拍摄的俄罗斯总统普京发表电视讲话的画面。普京在讲话中宣布承认乌克兰东部的“顿涅茨克人民共和国”和“卢甘斯克人民共和国”。(新华社记者白雪骐摄)
2014年4月,乌克兰顿巴斯地区爆发政府军与民间武装的大规模武装冲突。当地民间武装随后宣布成立“顿涅茨克人民共和国”和“卢甘斯克人民共和国”。经国际斡旋,冲突双方分别于2014年9月和2015年2月在白俄罗斯首都明斯克达成停火协议。不过,这一地区此后仍时有发生小规模交火。
去年底以来,俄罗斯与乌克兰紧张关系加剧。美国政府持续声称,俄罗斯即将“入侵”乌克兰。俄罗斯斥责美方说法,强调无意威胁或进攻他国。本月17日以来,顿巴斯地区局势升级,乌克兰政府与民间武装相互指责对方发动挑衅性炮击。