Connect with us

China

ဝမ်ရိနှင့် ပီရူးနိုင်ငံခြားရေးဝန်ကြီး González Olechea တို့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပီရူးနိုင်ငံခြားရေးဝန်ကြီး González Olechea တို့ ဧပြီ ၂၉ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၉ ရက်က ပေကျင်းမြို့၌ ပီရူးနိုင်ငံခြားရေးဝန်ကြီး González Olechea နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုကို အတူတကွအကောင်အထည်ဖော်ရန်၊ ရှိရင်းစွဲချစ်ကြည်ရေးကို ရှေးရှုရန်၊ အရည်အသွေးမြင့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုဖြင့် အရည်အသွေးမြင့် အပြန်အလှန်အကျိုးဆောင်သော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်နှင့် တရုတ်-ပီရူး ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ရောက်ရှိရေး ပီရူးနိုင်ငံနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ပီရူးနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ခိုင်မာစေရန်နှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းပြီး အဆင့်မြှင့်ရန် ဆန္ဒရှိကြောင်း၊ ပီရူးနိုင်ငံမှ ကျင်းပသော ၂၀၂၄ ခုနှစ် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ထောက်ခံကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပီရူးနိုင်ငံသည် လူသားမျိုးနွယ်အတွက် ကံကြမ္မာအကျိုးတူ၊ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ တရုတ်နိုင်ငံ၏ သဘောထားကို ထောက်ခံပြီး တရုတ်နိုင်ငံမှ ထောက်ခံအားပေးသည့် “ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ်” နှင့် တန်းတူညီမျှ၍ စနစ်ကျသော ဗဟုအသွင်ကမ္ဘာကြီးပုံစံ၊ အားလုံးပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ကြိုဆိုကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကြောင်း González-Olechea ကပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)
王毅同秘鲁外长冈萨雷斯-奥莱切亚会谈
新华社北京4月29日电 中共中央政治局委员、外交部长王毅29日在北京同秘鲁外长冈萨雷斯-奥莱切亚举行会谈。
王毅表示,中方愿同秘方共同落实好两国元首重要共识,弘扬传统友谊,以高水平政治互信带动高质量互利合作,推动中秘全面战略伙伴关系迈上新台阶。愿同秘方加强发展战略对接,尽快完成自贸协定升级谈判。支持秘方举办2024年亚太经合组织领导人非正式会议。
冈萨雷斯-奥莱切亚表示,秘方支持中方提出的构建人类命运共同体理念,欢迎中方倡导的“三大全球倡议”以及平等有序的世界多极化、普惠包容的经济全球化。秘方坚定恪守一个中国原则。(完)
图说:4月29日,中共中央政治局委员、外交部长王毅在北京同秘鲁外长冈萨雷斯-奥莱切亚举行会谈。