Connect with us

China

သမ္မတရှီကျင့်ဖိန်၏ ပြင်သစ်၊ ဆားဘီးယား၊ ဟန်ဂေရီနိုင်ငံများ အလည်အပတ်ခရီးစဉ် ရှေးရှုရာ

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ကျယ်ပြောလှသော ယူရေးရှားကုန်းမြေကို ကျော်ဖြတ်သည့် တရုတ်နိုင်ငံ ခေါင်းဆောင် သံတမန်ဆက်ဆံရေး ခရီးစဉ်သစ် ထပ်မံစတင်တော့မည် ဖြစ်သည်။
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၊ ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vučić၊ ဟန်ဂေရီနိုင်ငံ၏ သမ္မတ Tamás Sulyok နှင့် ဝန်ကြီးချုပ် Viktor Orbán တို့၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန်သည် မေ ၅ ရက်မှ ၁၀ ရက်အထိ အထက်ပါနိုင်ငံများသို့ နိုင်ငံတော်အလည်အပတ် ခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။

ယခုအကြိမ်သွားရောက်မည့် အလည်အပတ် ခရီးစဉ်သည် သမ္မတ ရှီကျင့်ဖိန်၏ ၅ နှစ်ကြာကာလအပြီး ဥရောပသို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။ သွားရောက်လည်ပတ်စဉ်ကာလတွင် သမ္မတ ရှီသည် ပြင်သစ်၊ ဆားဘီးယား၊ ဟန်ဂေရီနိုင်ငံ ခေါင်းဆောင်များနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး၊ တရုတ်-ဥရောပ ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်နက်ရှိုင်းရေးအတွက် အားသစ်လောင်းသွားမည် ဖြစ်သည်။

တရုတ်-ဥရောပသည် ဗဟုအသွင်ပြောင်းသည့် အင်အားကြီးနှစ်ရပ်၊ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို ပံ့ပိုးသည့် ဈေးကွက်ကြီးနှစ်ရပ်၊ စုံလင်ကြွယ်ဝမှုကို ဦးဆောင်လမ်းပြသည့် ယဉ်ကျေးမှုကြီး နှစ်ရပ် ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးစဉ်သည် လှုပ်ခတ်နေသည့်ကမ္ဘာကြီးအတွက် ပိုမို တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ပိုမို ဖြည့်တင်းရန်၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားများကို ပံ့ပိုးရန်အတွက် တရုတ်-ဥရောပ ဆက်ဆံရေး ဆက်လက် တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်အားပေးဆောင်ရွက်သွားမည် ဖြစ်ပေသည်။ (Xinhua)

………………………….
(Chinese Version)
“两大力量”“两大市场”“两大文明”——习近平主席出访法国、塞尔维亚、匈牙利三国前瞻
字体: 小 中 大 分享到:
跨越辽阔的亚欧大陆,中国元首外交再启新程。
应法兰西共和国总统马克龙、塞尔维亚共和国总统武契奇、匈牙利总统舒尤克和总理欧尔班邀请,国家主席习近平将于5月5日至10日对上述三国进行国事访问。
此次访问是习近平主席时隔5年再度访欧。访问期间,习近平主席将同法国、塞尔维亚、匈牙利领导人为双边关系、中欧关系健康发展指引方向,为拓展深化互利合作注入动力。
中欧是推动多极化的两大力量、支持全球化的两大市场、倡导多样性的两大文明。习近平主席此访将推动中欧关系持续稳定健康发展,为动荡的世界注入更多稳定性和确定性,为全球发展提供更多推动力。