Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဘဲလ်ဂရိတ်မြို့ သို့ ရောက်ရှိ၊ ဆားဘီယားနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ် စတင်

ဘဲလ်ဂရိတ်၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးလေယာဉ်သည် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်သို့ မေ ၇ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ရာ ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အလည်အပတ်ခရီးစဉ် စတင်လိုက်ပြီ ဖြစ်သည်။

သမ္မတ ရှီကျင့်ဖိန်၏ အထူးလေယာဉ် ဆားဘီးယားနိုင်ငံ လေပိုင်နက်သို့ ရောက်ရှိချိန်တွင် ဆားဘီးယား လေတပ် တိုက်လေယာဉ် နှစ်စင်းက ဝေဟင်ထက်သို့ပျံတက်၍ လိုက်ပါစောင့်ရှောက်ခဲ့သည်။

ဘဲလ်ဂရိတ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် Nikola Tesla သို့ သမ္မတ ရှီ၏ အထူးလေယာဉ် ရောက်ရှိချိန်တွင် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic နှင့် ဇနီး၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌ ၊ သမ္မတဟောင်း Tomislav Nikolić နှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Ana Brnabić ၊ ဝန်ကြီးချုပ် Miloš Vučević နှင့် နိုင်ငံခြားရေးဝန်ကြီး Marko Djuric တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)
习近平抵达贝尔格莱德开始对塞尔维亚进行国事访问
新华社贝尔格莱德5月7日电(记者刘华 石中玉)当地时间5月7日晚,国家主席习近平乘专机抵达贝尔格莱德,应塞尔维亚总统武契奇邀请,对塞尔维亚进行国事访问。
习近平乘坐的专机进入塞尔维亚领空后,塞尔维亚两架空军战机升空护航。习近平乘坐专机抵达贝尔格莱德尼古拉·特斯拉国际机场时,塞尔维亚总统武契奇夫妇,对华合作国家委员会主席、前总统尼科利奇夫妇,议长布尔纳比奇,总理武切维奇和外长久里奇等热情迎接。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.