Connect with us

Videos

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis အား ပေကျင်းမြို့၌ နိုဝင်ဘာ ၃ ရက်က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၅၁ နှစ်အကြာက သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ တရုတ်နိုင်ငံနှင့် ဂရိနိုင်ငံတို့သည် အစဉ်အမြဲ အချင်းချင်း အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် ပံ့ပိုးမှုရှိကြောင်း လီက ပြောခဲ့သည်။ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံပြည်သူများထံ ခိုင်မြဲသောအကျိုးကျေးဇူးများဖြင့် ရလဒ်အသီးအပွင့်များ ရရှိခဲ့သည်။

တရုတ်နိုင်ငံသည် ဂရိနိုင်ငံနှင့်အတူ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် ဖေးမကူညီမှုဟူသော အစဉ်အလာကောင်းဖြင့် ရှေ့ဆက်ရန်၊ တစ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် ဘုံဂရုပြုရမည့်ကိစ္စရပ်များနှင့် စပ်ဆိုင်သောအရာများ၌ အချင်းချင်း အခိုင်အမာ ဆက်လက်ထောက်ခံရန်၊ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ ထပ်မံပေါင်းစည်းရန်၊ နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အဆင့်မြှင့်တင်မှု တိုးမြှင့်ရန်၊ ခေတ်မီအသွင်ပြောင်းမှု လမ်းကြောင်းပေါ်၌ လက်ချင်းတွဲယှက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် လီက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုမျက်နှာစာများ၌ ဂရိနိုင်ငံနှင့်အတူ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး၊ တရုတ်-အီးယူနှင့် တရုတ်- CEEC (အလယ်နှင့် အရှေ့ ဥရောပနိုင်ငံများ) ဆက်ဆံရေး တိုးတက်မှု ပူးတွဲမြှင့်တင်ရေးအတွက် ဆန္ဒရှိကြောင်း သိရသည်။

ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis ကလည်း ဂရိနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အံ့ဩဖွယ် ဖွံ့ဖြိုးတိုးတက်မှုကို ချီးမွမ်းမိကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ သင်္ဘောတင်ပို့မှု၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ (Xinhua)
………………………………
Chinese premier holds talks with Greek counterpart
BEIJING, Nov. 3 (Xinhua) — Chinese Premier Li Qiang held talks with visiting Greek Prime Minister Kyriakos Mitsotakis in Beijing on Friday.
Li said that since the establishment of diplomatic ties 51 years ago, China and Greece have always respected, trusted and supported each other. In recent years, the practical cooperation between the two countries has yielded fruitful results, delivering constant benefits to the two peoples.
China is ready to work with Greece to carry forward the fine tradition of mutual respect, mutual trust and mutual assistance, continue to firmly support each other on issues concerning each other’s core interests and major concerns, further synergize development strategies, promote the continuous upgrading of cooperation in various fields, and join hands on the road to modernization, said Li.
China is willing to strengthen communication and cooperation with Greece on multilateral fronts and jointly promote the development of China-EU and China-CEEC (Central and Eastern European Countries) relations.
Mitsotakis said Greece admires China’s development miracle, firmly adheres to the one-China policy and is willing to strengthen cooperation with China in investment, trade, shipping, tourism, culture and other fields.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.