Connect with us

Videos

တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ချက်အသစ်များ ထုတ်ပြန်

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုဌာန (SAFE) က နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ချက် အသစ် ၉ ခုကို ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။စာရင်းရှင်အပ်ငွေများနှင့် ရင်းနှီးငွေစာရင်းများ နှစ်မျိုးလုံးနှင့် ဆက်စပ်သော အဆိုပါ စီမံဆောင်ရွက်ချက်အသစ်များမှာ နိုင်ငံခြားငွေကြေး ပိုမိုထိရောက်စွာ လည်ပတ်နိုင်ပြီး နယ်စပ်ဖြတ်ကျော်စီးပွားရေးနှင့် စပ်လျဉ်းသော လုပ်ငန်းစဉ်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း SAFE ၏ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Wang Chunying က ပြောကြားခဲ့သည်။

အဆိုပါ စီမံဆောင်ရွက်ချက်များက ဈေးကွက်တက်ကြွမှုကို ထိရောက်စွာလှုံ့ဆော်ပေးမည်ဖြစ်သလို စီးပွားရေးကဏ္ဍ အရည်အသွေးမြင့် တိုးတက်မှုအား ပိုမိုကောင်းမွန်စေမည်ဟု Wang က ဆိုသည်။SAFE သည် နောက်ထပ်တစ်ဆင့်အနေဖြင့် နည်းပညာဆန်းသစ်တီထွင်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ နိုင်ငံခြားငွေကြေးမူဝါဒများအား အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး အဆင်ပြေချောမွေ့စေမည်ဖြစ်သလို ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်ရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း Wang က ပြောခဲ့သည်။ (Xinhua)

………………………………
China unveils new measures to facilitate cross-border trade, investment
BEIJING, Dec. 8 (Xinhua) — The State Administration of Foreign Exchange (SAFE) Friday published nine new measures to facilitate cross-border trade, investment.
The new measures, concerning both current accounts and capital accounts, further streamline foreign exchange management and shorten procedures of related cross-border business, said Wang Chunying, deputy director and spokesperson of the SAFE.
Wang said the measures will effectively stimulate market vitality and better serve the high-quality development of the real economy.
In the next step, the SAFE will improve foreign exchange policies for technological innovation and micro, small, and medium-sized enterprises, further facilitate cross-border trade, investment, and financing, and help stabilize foreign trade and investment, Wang said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.